လောင်းလုံးမြို့နယ်ထဲက ကျေးရွာ ၄ ရွာကို လူထုစည်းရုံးရေး လှုပ်ရှားမှု ပြုလုပ်

လောင်းလုံးတွင် လူထုစည်းရုံးရေး လှုပ်ရှားမှု ပြုလုပ်နေမှု မှတ်တမ်းများ/ဓာတ်ပုံ- DDMSC

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်ထဲတွင် ကျေးရွာ လေးရွာတွင် ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းက ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ဦးဆောင်သည့် အဖွဲ့က လူထုစည်းရုံးလှုံဆော်ရေး ပြုလုပ်သည်။

အဆိုပါ လှုပ်ရှားမှုတွင် လာမည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ပြုလုပ်မည့် ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု ဝမ်းနည်းဖွယ် အထိမ်းအမှတ် (၃) နှစ်ပြည့် အခမ်းအနားတွင် ပြည်သူများ ပူးပေါင်း ပါဝင်ကြဖို့ ရည်ရွယ် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

စာတည်း။ ။အောင်ကျော်ဖြိုး