စူပါမားကတ် ယာဉ်မောင်းတဦး ကင်ညာအိုးပင်းဂေါ့ဖ်ပြိုင်ပွဲမှာ ဒုတိယနေရာရရှိ

By PKThawn

ကမ္ဘာအဆင့် (၂,၉၃၀) မှာရှိသူ အချိန်ပိုင်း ဖြန့်ချိရေးယာဉ်မောင်း ဂျိုးဒင်းဟာ ကင်ညာအိုးပင်းဂေါ့ဖ်ပြိုင်ပွဲမှာ ဒုတိယနေရာရရှိခဲ့ပြီး ဆုကြေးအဖြစ် ပေါင် ၁၇၀,၀၀၀ အထိပိုင်ဆိုင်ခဲ့ပါတယ်။

DP World Tour ပွဲစဉ်ဖြစ်တဲ့ ဒီပြိုင်ပွဲကို qualifying မှတဆင့် ယှဉ်ပြိုင်ခွင့်ရခဲ့သူ အင်္ဂလိပ်လူမျိုးဂေါ့ဖ်သမားဟာ နိုင်ရိုဘီရှိ ဒါရီယက်စ် ဗန်ဒရီရယ်ရဲ့နောက် ဒုတိယရရှိခဲ့တာပါ။

Morrisons စူပါမားကတ်အတွက် ယာဉ်မောင်းတဦးဖြစ်တဲ့ ဒင်းဟာ လျှော့ရိုက်ချက် ၁၂ ချက်ဖြင့် ပူးတွဲဒုတိယရရှိခဲ့တာဖြစ်ပါတယ်။

“ဒီအတွေ့အကြုံဟာ လူတွေ အိပ်မက်မက်နေတဲ့အရာပါ။ ဒါက ဘဝအပြာင်းအလဲဖြစ်စေရပါမယ်။”လို့ ဒင်းက ပြောပါတယ်။

ရှက်ဖီးလ်မြို့က အသက် ၂၉ နှစ် ဒင်းဟာ DP World Tour အတွက် ၂၀၂၃ ကတည်း ဝင်ခွင့်ရခဲ့ပေမယ့် သူဟာ ခရီးစရိတ်မတတ်နိုင်တာကြောင့် ဖေဖော်ဝါရီ Qatar Masters အထိကိုပါ ပြိုင်ပွဲမဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

Ref; BBC