FA ဖလား ဆီမီးဖိုင်နယ် နိုင်ပွဲအပေါ် တုံ့ပြန်မှုက လေးစားမှုမဲ့ပါတယ် – တန်ဟက်ဂ်

Photo:EPA

By PKThawn

ကိုဗင်ထရီစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် နိုင်ပွဲအပေါ် တုံ့ပြန်မှုဟာ “ရှက်စရာကောင်း”ပြီး “လေးစားမှုကင်းမဲ့”ကြောင်း မန်နေဂျာ အဲရစ် တန်ဟက်ဂ်က ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်တို့ဟာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်မရခင် ချန်ပီယံရှစ်အသင်းကို ၃-၀ ဂိုးနဲ့ ဦးဆောင်နေရာကနေ သရေပြန်ကျခဲ့တာကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရတာပါ။

ကိုဗင်ထရီဟာ အချိန်ပိုမှာ နောက်ကျဂိုးသွင်းယူခဲ့ပေမယ့် ဗီဒီယိုအကူဒိုင်က လူကျွံအနေအထားအဖြစ် သတ်မှတ်ခဲ့ပါတယ်။

တန်ဟက်က “ဘောလုံးက ရလဒ်တွေ အကြောင်းပါ။ “ကျနော်တို့ ဖိုင်နယ်ကို တက်လှမ်ခဲ့ပြီး ထိုက်တန်ခဲ့ပါတယ်။

“ကျနော်တို့ မိနစ် ၂၀ လောက် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားခဲ့ပြီး အဆုံးသတ်မှာတော့ အရမ်း ကံကောင်းခဲ့တယ်။ ဒါပေမယ့် ဖိုင်နယ်ကို ရောက်ခဲ့ပါတယ်။ အဲဒါက ကြီးမားတဲ့ အောင်မြင်မှုတခုပါ။”

လာမယ့်လမှာ မန်ချက်စတာစီးတီးနဲ့ FA ဖလား ဖိုင်နယ်ပွဲဟာ ယူနိုက်တက်နည်းပြအဖြစ် နှစ်နှစ်အတွင်း တန်ဟက်ဂ်ရဲ့ ဒုတိယမြောက် ရာသီဖြစ်လာမှာပါ။ သူတို့ဟာ ပြီးခဲ့တဲ့ရာသီက ဝင်ဘလေမှာ ပြိုင်ဘက်မန်ချက်စတာကို ရှုံးနိမ့်ခဲ့ပါတယ်။

Sky Blues တို့နဲ့ပွဲမှာ သူတို့ရဲ့ ကျဉ်းမြောင်းတဲ့နိုင်ပွဲအတွက် အဆိုးမြင်တုံ့ပြန်မှုကို နားလည်ပေးနိုင်လားလို့ မေးတဲ့အခါ တန်ဟက်ဂ်က “နိုးပါ၊ လုံးဝပါပဲ။”

“ခင်ဗျားတို့ (မီဒီယာ) ရဲ့ တုံ့ပြန်မှုက ရှက်စရာကောင်းပါတယ်။ နှစ်နှစ်အတွင်းမှာ FA ဖလားဖိုင်နယ် နှစ်ကြိမ်၊ ဒါဟာ ထူးကဲလွန်းလှပါတယ်။

“ကျနော့်အတွက်တော့ မန်နေဂျာအနေနဲ့ လေးနှစ်အတွင်း ဖလားဖိုင်နယ်ကို လေးကြိမ် ရောက်ခဲ့တယ်။ မှတ်ချက်တွေက လေးစားမှုမဲ့ပါတယ်”

Ref; BBC