အိုင်ယာလန်လက်ရွေးစင်အသင်း ယာယီနည်းပြအဖြစ် အိုရှေးကို ခန့်အပ်

By PK Thawn

အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ် (FAI) က မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ဂျွန်အိုရှေးကို ယာယီနည်းပြအဖြစ်  ဗုဒ္ဓဟူးနေ့မှာ ခန်အပ်ခဲ့ပြီးနောက် သူဟာ အိုင်ယာလန်လက်ရွေးစင်အသင်းရဲ့ မတ်လ ခြေစမ်းပွဲတွေကို တာဝန်ယူမှာဖြစ်ပါတယ်။

မန်နေဂျာဟောင်း စတီဖင် ကင်နီရဲ့ လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့ဖူးသူ အိုရှေးဟာ လာမယ့်လမှာ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်အသင်းတို့နဲ့ တွေ့ဆုံမယ့် ပွဲတွေကို တာဝန်ယူရမှာပါ။

ကန်နီရဲ့ နေရာအတွက် အမြဲတမ်းနည်းပြဖြစ်လာမယ့် သူကို ဧပြီလအစောပိုင်းမှာ ခန့်အပ်နိုင်ဖို့ စီစဉ်ထားတယ်လို့ ကြေညာချက်မှာ FAI က ပြောပါတယ်။

“ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်အသင်းတို့နဲ့ ကစားရမယ့် နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲအတွက် ယာယီနည်းပြအဖြစ် စီနီယာအမျိုးသားအသင်းရဲ့ နည်းပြဝန်ထမ်းတွေဆီ ပြန်လာခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်” လို့ ကစားသမားဘဝအဖြစ် နိုင်ငံအတွက် ၁၁၈ ပွဲကစားပေးခဲ့တဲ့ အိုရှေးက ပြောပါတယ်။

“မတ်လရဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ အသင်းကို ဦးဆောင်ခွင့်ရတာက အံ့သြဖွယ် ဂုဏ်ယူစရာတခုပါပဲ။”

အိုင်ယာလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ဝင်ခွင့်မခဲ့တဲ့နောက် နိုဝင်ဘာလက ကင်နီ နုတ်ထွက်ကြောင်း အတည်ပြုပြီးကတည်းက နည်းပြသစ်ရှာဖွေနေတာဖြစ်ပါတယ်။

အင်္ဂလန် ယူ-၂၁ နည်းပြဟောင်း လီကာစလေ၊ ဝေးလ်မန်နေဂျာဟောင်း ခရစ်ကိုးလ်မန်းနဲ့ အိုင်ယာလန်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းတို့ဟာလည်း နည်းပြရာထူးနေရာအတွက် ချိတ်ဆက်ခံထားရသူတွေမှာ ပါဝင်ပါတယ်။

(AFP)