မတ်လအတွင်း ပျံ့နှံ့လာနိုင်ချေရှိတဲ့ သတင်းများ

ZZ

(မဇ္ဈိမ)။ ။ သတင်းတု သတင်းအမှားတွေဟာ နေ့စဉ်နဲ့အမျှ ကျွန်မတို့ အသုံးပြုနေတဲ့ လူမှုကွန်ရက်တွေမှာ သတင်းအမှန် တွေနဲ့ အတူ ရောနှော ပျံ့နှံ့နေဆဲပါ။

မဇ္ဈိမရဲ့ သတင်းအမှားတွေကို တိုက်ဖျက်ခြင်းအစီအစဉ်ကနေ သတင်းတု သတင်းအမှားတွေကို ပြည်သူတွေ လက်ထဲမရောက်အောင် စိစစ်တိုက်ဖျက်နေပါတယ်။

လာမယ့် မတ်လမှာတော့ အထင်ကရနေ့တွေ များများစားစားမရှိပေမယ့် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေ၊ တိုက်ပွဲအကြောင်းတွေနဲ့ ပတ်သက်ပြီး သတင်းအမှားတွေဟာ ပိုပိုပြီးထွက်ပေါ်လာနိုင်ချေရှိတယ်လို့ မြင်မိပါတယ်။

ဒါနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်ကနေ သတင်းတု သတင်းအမှားတွေကို လေ့လာစောင့်ကြည့်ပြီး သုတေသန ပြုလုပ်နေတဲ့ The Red Flag အဖွဲ့ နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။