ကယ်တင်ထားသူများ၊ အညံ့ခံသူများနှင့် စစ်သုံ့ပန်းများကို စောင့်ရှောက်ထားမှု AA ထုတ်ပြန်

မဇ္ဈိမ။ ။ရခိုင်ပြည်နယ်အတွင်းမှတိုက်ပွဲများတွင် စစ်ကောင်စီသင်္ဘောများတိုက်ခိုက်ခံရစဉ်က ကယ်တင် ထားသူများ၊ အညံ့ခံသူများနှင့် စစ်သုံ့ပန်းများကိုစောင့်ရှောက်ထားမှုအ‌ခြေအနေများကို ရက္ခိုင့်တပ်တော် (AA)က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်လိုက်သည်။

ဓာတ်ပုံများတွင်ပါရှိသူများမှာ ဇက်သင်္ဘောများပေါ်မှ ရေနစ်စဉ် ကယ်တင်ခဲ့သူများ၊ လက်နက်ချ အညံ့ခံ သူများ၊ တိုက်ပွဲများအတွင်း လက်ရဖမ်းဆီးမိသော စစ်သုံ့ပန်းများ၊ တပ်မိသားစုဝင်များပါဝင်သည်ဟု AA က ဆိုသည်။

ဖေဖော်ဝါရီလဆန်းပိုင်းက ကျောက်တော်တွင် စစ်ကောင်စီသင်္ဘောများကိုတိုက်ခိုက်ခံရစဉ် ရေကူးလာ သူများအား မြစ်ကမ်းမှနေ၍ AA တပ်ဖွဲ့၀င်များနှင့် ရွာသူရွာသားအချို့က ဓားဖြင့်ခုတ်သတ်ဖြတ်ခဲ့သည်ဟု စစ်ကောင်စီလော်ဘီ မီဒီယာများကဖော်ပြခဲ့ပြီးနောက်တွင် ဓာတ်ပုံနှင့်တကွ ထုတ်ပြန်လာခြင်းဖြစ်သည်။

ရခိုင်‌ဒေသတိုက်ပွဲကာလများအတွင်း ဖမ်းဆီးရမိသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏ တပ်မိသားစုဝင်များကို စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပစ်ခတ်တိုက်မှုနှင့် အခက်အခဲအမျိုးမျိုးကြားထဲမှ ရက္ခိုင့်တပ်‌တော်နှင့် ရခိုင်ပြည်သူများက မိမိတို့တွင်ရှိသော ဆေးဝါးများ၊ ရိက္ခာများနှင့် အကောင်းဆုံး ကျွေးမွေးစောင့်‌ရှောက်ထားရှိ‌ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။စောဖေ