တန့်ဆည်မှာ အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု စစ်ကောင်စီထပ်မံကျူးလွန်(ရုပ်သံ)

MTO(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့ အထိ ၁၀ ရက်တာကာလအတွင်း စစ်ကြောင်းများထိုးပြီးနောက် အရပ်သားပြည်သူ ၁၁ ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကံထူးမကျေးရွာရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကူလာတဲ့ စစ်ကြောင်းတွေဟာ အခုလိုမျိုး အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

သတင်း – MTO
တည်းဖြတ် ၊ တင်ဆက် — MTO