အိုလံပစ်ပွဲတော်မတိုင်မီ ပါရီရဲတပ်ဖွဲ့က လိင်လုပ်သားတွေကို နှိမ်နင်းနေ

By PKThawn

ပါရီအိုလံပစ်ပွဲတော်မတိုင်ခင် ပြင်သစ်ရဲတွေဟာ ပါရီလိင်လုပ်သားတွေအပေါ် နှိမ်နင်းနေကြောင်း ပရဟိတအဖွဲ့တဖွဲ့က ဗုဒ္ဓဟူးနေ့မှာ အခိုင်အမာဆိုခဲ့ပါတယ်။

ပြည့်တန်ဆာတွေနဲ့အတူ လက်တွဲလုပ်ဆောင်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ၁၇ ဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာက သူတို့ဟာ “ဖိနှိပ်မှုတွေ တိုးမြင့်လာခြင်းနဲ့ ရဲလုပ်ထုံးလုပ်နည်းတွေမှာ တခါတရံ အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ တူညီတဲ့ ကောက်ချက်ချခဲ့ကြပါတယ်။”လို့ ပြောပါတယ်။

“‘ဖိနှိပ်ချုပ်ချယ်မှုကို ဦးစွာပထမ”အဖြစ် ကျနော်တို့တွေ သတ်မှတ်ထားတဲ့ ချဉ်းကပ်မှုဟာ လိင်လုပ်သားတွေရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးအပေါ် သိသာထင်ရှားတဲ့ အကျိုးဆက်တွေရှိတယ်”လို့ အစီရင်ခံစာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပါရီမြို့အနောက်ဘက်နဲ့ အရှေ့ဘက်က Boulogne နဲ့ Vincennes တောအုပ်နှစ်ခုမှာ လုပ်ဆောင်နေတဲ့ ပရဟိတအဖွဲ့တွေက “လိင်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေအပေါ် ပြင်းထန်တဲ့ အထောက်အထားထိန်းချုပ်မှုဖြင့် အားကစားပွဲတော်မတိုင်ခင် ရဲကင်းလှည့်မှုတွေ တိုးများလာတယ်”လို့ မှတ်ချက်ပြုခဲ့ပါတယ်။

“လုယက်မှု၊ မုဒိမ်းမှုနဲ့ သူတို့ကို နှိပ်စက်ညှဉ်းပန်းတဲ့ ရာဇဝတ်မှုဆိုင်ရာ အဖွဲ့အစည်းတွေ” အစား သူတို့ရဲ့ စွမ်းအင်တွေကို အာရုံစိုက်ဖို့ ပရဟိတအဖွဲ့တွေက အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

ပြင်သစ်အာဏာပိုင်တွေဟာ ဇူလိုင် ၂၆ ရက်မှာ စတင်မယ့် အိုလံပစ်နဲ့ မသန်စွမ်းအားကစားပွဲတော်တွေအတွင်း ပြည့်တန်ဆာတွေ တိုးလာမှာကို စိုးရိမ်နေကြပြီး ပရဟိတအဖွဲ့တွေအတွက် သဘောထားကွဲလွဲမှု အရာတခုဖြစ်ပါတယ်။

“အချို့သော ယူဆချက်တွေနဲ့ ဆန့်ကျင်ဘက်အနေနဲ့ အိုလံပစ်နှင့် မသန်စွမ်းအားကစားပွဲတော်တွေမတိုင်ခင် နေရာထိုင်ခင်းစရိတ်စကတွေ အဆက်မပြတ်မြင့်တက်နေတဲ့ ပါရီကို လိင်လုပ်သားအများအပြား ရောက်ရှိလာခြင်းမရှိသေးပါဘူး။ သူတို့တွေဟာ တခြားမြို့တွေမှာ အလုပ်သွားလုပ်ဖို့ တွန်းပို့ခံနေရတာပါ။”လို့ ပရိဟိသအဖွဲ့တွေက ပြောပါတယ်။

ပြည်ပဧည့်သည် သန်းနဲ့ချီပြီး ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ရတဲ့ အာကစားပွဲတော်မတိုင်ခင် ပြင်သစ်အာဏာပိုင်တွေဟာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ အိုးမဲ့အိမ်မဲ့တွေကို မြို့တော်အပြင်ဆီ ရွှေ့ပြောင်းဖို့ ကြိုးပမ်းမှုတွေကို အခြားသော ပရဟိတအဖွဲ့တွေက ရှုတ်ချကြပါတယ်။

(AFP)