မဏိပူရပြည်နယ်တွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ ပြန်လည်ပို့ဆောင်မှုနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်

“မဏိပူအစိုးရရဲ့လုပ်ငန်းအကောင်အထည်ဖော်မှုကို နည်းနည်းသံသယဝင်တဲ့ဟာက  ကျနော်တို့ တောက်လျောက်တောင်းဆိုလာခဲ့ပြီးမှ မဖြစ်မနေစစ်မှုမထမ်းမနေရ ပေါ်လာတဲ့အခါမှရုတ်တရက်လုပ်လာတော့ စကစ ရဲ့ ပယောဂ ပါနေသလား ၊ စကစ က ဒီဟာကို အသုံးချချင်လို့ တခုခုလုပ်နေသလားဆိုတာကို ကျနော်တို့ ပိုစိုးရိမ်တာဖြစ်တယ်”

ပါခွီး

(မဇ္စျိမ) ။          ။ အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်မှာ နေထိုင်ခွင့် တရားဝင် အထောက်အထားမရှိလို့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား‌ေတွကို နေရပ်ရင်းပြန်ပို့မယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က လူမှုကွန်ရက်မှာ မတ်လ ၈ရက်က ရေးသားထားပါတယ်။

ပထမ အသုတ်အနေနဲ့အမျိုးသမီး ခုနစ်ဦးကို အင်ဖာမြို့က တဆင့် အိန္ဒိယ – မြန်မာ နယ်စပ် မိုးရေးမြို့ကို ပို့ဆောင်ပြီး မကြာမီ မြန်မာနိုင်ငံသား ၇၇ဦးကို ဆက်လက်ပို့ ဆောင်သွားမယ်လို့သိရပါတယ်။

အဲ့ဒီလို မြန်မာနိုင်ငံသားတွေ ပြန်လည်ပို့ဆောင်မှာနဲ့ ပတ်သက်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နိုင်တဲ့ အခက်အခဲ‌ေတွကို အဖမ်းအဆီးခံများအား ကူညီပေးနေတဲ့ India for Myanmar တည်ထောင်သူ ဆလိုင်း ဒိုခါရ် ကို မဇ္စျိမ က ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း၊တည်းဖြတ်။ ။ ပါခွီး