ဂျာမန်ဂန္တဝင် အူဝီဆီလာရဲ့ စံချိန်ကို လိုက်မီခဲ့တဲ့ ကိန်း

Photo: EPA

ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့စနေနေ့မှာ မိုင်းဇ်ကို ၈-၁ နဲ့ ဂိုးပြတ်နိုင်ပွဲမှာ ဟယ်ရီကိန်းဟာ ဟက်ထရစ်သွင်းယူခဲ့တဲ့နောက် အသက် ၆၀ အရွယ် ဂျာမန်ကစားသမားဟောင်းကြီးရဲ့ စံချိန်ကို လိုက်မီခဲ့ပါတယ်။

ဘိုင်ယန်တို့ရဲ့ ဒီနိုင်ပွဲက လေဗာကူဆင်ကို လိုက်မီဖို့ မျှော်လင့်ချက်တွေကို ဆက်လက်ရှင်သန်စေခဲ့တာပါ။

ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ပေးခဲ့တဲ့ ကိန်းဟာ မြူးနစ်မှာ သူ့ရဲ့ပထမဆုံးရာသီမှာ ဂိုး ၃၀ ရရှိထားပြီး ၁၉၆၃-၆၄ ရာသီက ဟမ်းဘတ်အသင်းအတွက် ဂျာမန်ဂန္တဝင်ကစားသမား အူဝီဆီလာ မှတ်တမ်းတင်ခဲ့တဲ့ ပထမဆုံးရာသီက စံချိန်နဲ့ တူညီခဲ့ပါတယ်။

လက်ကျန်ကိုးပွဲနဲ့အတူ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ၂၀၂၀-၂၁ ရာသီမှာ ဘိုင်ယန်မြူးနစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးရဲ့ ၄၁ ဂိုး စံချိန်နဲ့ နီးကပ်လာနေခဲ့တာလည်းဖြစ်ပါတယ်။

ဒီနိုင်ပွဲဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်ရဲ့ ဒုတိယမြောက် အကြီးမားဆုံး ဂိုးပြတ်နိုင်ပွဲဖြစ်ပြီး အောက်တိုဘာလက ဒမ်းစတက်ဒ်ကို ၈-၀ ပြီးနောက်မှာ ဒုတိယမြောက် အကြီးမားဆုံး နိုင်ပွဲဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ လက်ရှိ ဘွန်ဒစ်လီဂါအမှတ်ပေးဇယားမှာ ဇာဗီ အလွန်ဆိုရဲ့ ရှုံးပွဲမရှိ လေဗာကူဆင်နဲ့ ၁၀ မှတ်အကွာမှာ ရှိနေပါတယ်။

Ref; AFP