ရမှတ်လျော့ပြစ်ဒဏ် အယူခံဝင်မှု ပယ်ချခံရတဲ့ ဖောရက်စ်

By PKThawn

နော်တင်ဟမ်ဖောရက်စ်ဟာ ပရီးမီးယားလိဂ် အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှု စည်းမျဉ်းများကို ချိုးဖောက်တဲ့အတွက် သူတို့ရဲ့ လေးမှတ်လျော့ပြစ်ဒဏ်ကို အယူခံဝင်ရာမှာတော့ ကျရှုံးခဲ့ပါတယ်။

သူတို့ဟာ မတ်လမှာ လွတ်လပ်တဲ့ကော်မရှင်ရဲ့ စီရင်ချက်အပေါ် အယူခံဝင်ခဲ့ပြီးနောက် ကလပ်ရဲ့အမှုကို ဧပြီလ ၂၄ ရက်နေ့မှာ ကြားနာခဲ့တာပါ။

ဖောရက်စ်ရဲ့ ၂၀၂၂-၂၃ အတွက် အရှုံးပေါ်မှုဟာ ပေါင် ၆၁ သန်းကို ကျော်လွန်သွားခဲ့တဲ့အပြင် နောက်ထပ် ပေါင် ၃၄.၅ သန်းရှိကြောင်း ကော်မရှင်က တွေ့ရှိခဲ့ပါတယ်။

ဖောရက်စ်တို့ဟာ လက်ကျန်နှစ်ပွဲနဲ့အတူ တန်းဆင်းဇုန်ကနေ ၃ မှတ်အကွာ အဆင့် ၁၇ မှာ ဆက်ရှိနေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှုစည်းမျဉ်းများဟာ ကလပ်အသင်းတွေကို သုံးရာသီအတွင်း ပေါင် ၁၀၅ သန်း ဒါမှမဟုတ် တရာသီလျှင် ပေါင် ၃၅ သန်းအထိ အရှုံးပေါ်ခွင့်ပြုထားပါတယ်။ ဒါပေမယ့် ဖောရက်စ်အသင်းဟာ အကဲဖြတ်ကာလမှာ နှစ်နှစ်ကြာ ချန်ပီယံရှစ်မှာ ယှဉ်ပြိုင်ခဲ့တာကြောင့် သူတို့ရဲ့ အမြင့်ဆုံး အရှုံးပေါ်မှုဟာ ပေါင် ၆၁ သန်း ကန့်သတ်ခံရပါတယ်။

၂၀၂၂-၂၃ ရာသီမှာ ကလပ်ရဲ့ အသားတင် အပြောင်းအရွှေ့ကုန်ကျစရိတ်က ပေါင် ၁၄၂.၈ သန်းဖြစ်ပါတယ်။ သူတို့ဟာ ၂၀၂၀ နဲ့ ၂၀၂၁ နှစ်တွေတလျောက် ပျမ်းမျှ ပေါင် ၃ သန်း ဆုံးရှုံးခဲ့ပြီး ၂၀၂၂ မှာ ပေါင်သန်း ၄၀၊ ၂၀၂၃ မှာ ပေါင် ၅၂ သန်း ထပ်မံဆုံးရှုံးမှုနဲ့အတူ စုစုပေါင်း ပေါင် ၉၅ သန်း ရှိခဲ့ပါတယ်။

ဖောရက်စ်ဟာ ကနဦးချိုးဖောက်မှုအတွက် သုံးမှတ်နဲ့ ဖောက်ဖျက်မှုအရွယ်အစားအတွက် နောက်ထပ်သုံးမှတ်၊ စုစုပေါင်း ခြောက်မှတ်ဖြတ်ခံရတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ “အစောပိုင်း အသာနားခံမှု”နဲ့ “ပူးပေါင်းဆောင်ရွက်မှု”ကြောင့် ပြစ်ဒဏ်ကို လေးမှတ်အထိ လျှော့ချပေးခဲ့ပါတယ်။

(BBC)