တရုတ်က အရှေ့တောင်အာရှကို အကျပ်ကိုင်ထိန်းချုပ်ရန် ကြိုးပမ်း

BRI စီမံကိန်းတွင် ပါဝင်သည့် လာအို-တရုတ်မီးရထားလမ်းအား တွေ့ရစဉ်။

Mizzima

တရုတ်၏ ရည်မှန်းချက်ကြီးမားသော ပိုးလမ်းမရပ်ဝန်းစီမံကိန်း(BRI)ကို တိုးတက်ရေးအင်ဂျင်အဖြစ် ပြီးခဲ့သည့် ဆယ်စုနှစ်က ကြွေးကြော်ခဲ့ပြီး ယင်းက ကမ္ဘာတဝန်းတွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး သာယာဝပြောရေးကို ဖော်ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်အနောက်ဘက်ပိုင်းရှိ လူသန်းပေါင်း ၆၉၀ နေထိုင်သည့် အရှေ့တောင်အာရှဒေသသည် ယင်းစီမံကိန်း၏ အဓိကပစ်မှတ်များထဲတွင် ပါဝင်ခဲ့သည်။

သို့သော် ဒေသတွင်းတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ များပြားလာသည်နှင့်အမျှ အရှေ့တောင်အာရှတွင် တရုတ်၏ ဩဇာလွှမ်းမိုးမှုဘေးအန္တရာယ်များရှိနေကြောင်း ပေါ်ထွက်လာခဲ့သည်။

ရုတ်တရက်ကြည့်ပါက အရှေ့တောင်အာရှသို့ တရုတ်ငွေများ ဝင်ရောက်လာမှုသည် အလားအလာကောင်း ပုံပေါက်သည်။

ဧရာမမြေတူးစက်များ၊ တရုတ်ဆောက်လုပ်ရေးလုပ်သားများနှင့် သံတမန်များသည် အရှေ့တောင်အာရှ၏ လမ်းများ၊ ရထားလမ်းများနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ရောက်ရှိလာကြသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်-ဆီဟာနုဗီးလ် အမြန်လမ်းသစ်သည် မြို့တော်မှ တောင်ဘက်ကမ်းရိုးတန်းသို့ ခရီးသွားချိန်ကို လျော့ချနိုင်သည့် အောင်မြင်မှုအဖြစ် ချီးကျူးခဲ့သော်လည်း တိုးတက်မှု၏ အရိပ်အောက်တွင် မှောင်မိုက်သော အမှန်တရားတစ်ခု ရှိနေသည်။

BRI စီမံကိန်းအများအပြားသည် ကတိပြုထားသော ရလဒ်များကို မပေးအပ်နိုင်ဘဲ အချို့မှာ အလွန်အမင်း ငွေကုန်ကြေးကျများခြင်း သို့မဟုတ် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေကြောင်း ဖော်ပြနေသည်။
ပိုင်နက်အငြင်းပွားမှုများတွင် တရုတ်၏ ရန်လိုမှု၊ လူနည်းစုများအား နှိပ်စက်ညှဉ်းပန်းမှုနှင့် နိုင်ငံရေး စွက်ဖက်မှုများကြောင့် အိမ်နီးချင်းများနှင့် ဆက်ဆံရေးကို တင်းမာစေခဲ့သည်။ အရှေ့တောင်အာရှနိုင်ငံများက စီးပွားရေးအရ ထိခိုက်မည်ကို စိုးရိမ်ခြင်းကြောင့် တရုတ်ကို ပွင့်ပွင့်လင်းလင်း မဝေဖန်ရဲကြပေ။

ယင်းတုံ့ဆိုင်းမှုက ဒေသတွင်းတွင် အင်အားမညီမျှမှုကို ဖော်ပြနေသည်။ အရှေ့တောင် အာရှနိုင်ငံများသည် အနောက်အင်အားကြီးနိုင်ငံများနှင့် ပတ်သက်သည့် စိုးရိမ်မှုများကို ထုတ်ဖော်ကြသော်လည်း တရုတ်နှင့် ပတ်သက်လာလျှင် သတိနှင့် ဆက်ဆံကြသည်။

ယင်းအင်အားမညီမှုကြောင့် အရှေ့တောင်အာရှတွင် တရုတ်၏ ဩဇာလွှမ်းမိုးမှု ပိုမိုကြီးမားလာခဲ့သည်။

အစိုးရိမ်ရဆုံးအချက်မှာ တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေသော နယ်မြေများတွင် တရုတ်က စစ်ဇာတ်သွင်းလာခြင်းပင်ဖြစ်သည်။ ကျွန်းတုများပေါ်တွင် စစ်စခန်းချမှုများ အပါအဝင် တရုတ်၏ ရန်လိုသည့် လုပ်ရပ်များကြောင့် တင်းမာမှုများ တိုးမြင့်လာကာ ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်နေသည်။

စီးပွားရေး သာယာဝပြောရေးအတွက် ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းကို မှီခိုနေရသော အရှေ့တောင် အာရှနိုင်ငံများသည် စစ်ရေးအရ သာလွန်ကောင်းမွန်သော တရုတ်နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်ရှားနေ သဖြင့် အရှေ့တောင် အာရှနိုင်ငံများ၏ နယ်မြေပိုင်ဆိုင်မှုများ စိန်ခေါ်ခံနေရသည်။

ထို့ပြင် တရုတ်၏ စီးပွားရေးလွှမ်းမိုးမှုသည် ဒေသတွင်း ရေရှည်သာယာဝပြောရေးကို အန္တရာယ် ဖြစ်စေနိုင် သည်။ တရုတ်ရင်းနှီးမြုပ်နှံမှုများသည် ကနဦးတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်သော်လည်း နှောင်ကြိုးများပါရှိနေသည်။

အရှေ့တောင်အာရှနိုင်ငံအများအပြားသည် ချေးငွေများပြန်မဆပ်နိုင်သဖြင့် တရုတ်မြီရှင်များထံ မဟာဗျူဟာ မြောက်ပိုင်ဆိုင်မှုများကို ထိုးပေးနေရကာ ကြွေးမြီထောင်ချောက်အတွင်း ကျဆင်းနေသည်။ တရုတ်အပေါ် စီးပွားရေးအရ မှီခိုအားထားမှုသည် ဒေသတွင်းအချုပ်အခြာအာဏာကို ထိခိုက်စေပြီး အမြတ်ထုတ်ခြင်းကို လည်း ခံရနိုင်သည်။

ထို့ပြင် တရုတ်ဩဇာလွှမ်းမိုးမှုသည် စီးပွားရေးနယ်ပယ်ကို ကျော်လွန်ကာ နိုင်ငံရေးထိရောက်ရှိလာပြီး အရှေ့တောင်အာရှရှိ ဒီမိုကရေစီ အင်စတီကျူးရှင်းများကို ထိခိုက်စေနိုင်သည်။

မီဒီယာဆင်ဆာဖြတ်တောက်မှု၊ မဟုတ်မမှန်လုပ်ကြံလှုံ့ဆော်မှုများနှင့် အာဏာရှင်အစိုးရများကို ပံ့ပိုးကူညီမှု များ အပါအဝင် တရုတ်က “ထက်မြက်သော ပါဝါ” နည်းပရိယာယ်များဖြင့် ဒေသတွင်း အတိုက်အခံများကို လွှမ်းမိုးရန် ကြိုးပမ်းလျက်ရှိသည်။

ရလဒ်အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများသည် တရုတ်အကျိုးစီးပွားနှင့် လိုက်လျောညီထွေဖြစ်စေရန် ပိုမိုဖိအားပေးခံလာရပြီး ယင်းတို့၏ ကိုယ်ပိုင်ဒီမိုကရေစီ စည်းမျဉ်းများကို စွန့်လွှတ်လာနေရသည်။
တရုတ်၏ ပိုမိုရန်လိုလာခြင်းကို တုံ့ပြန်ရန် အရှေ့တောင်အာရှနိုင်ငံများသည် တရုတ်၏သြဇာလွှမ်းမိုးမှုကို တန်ပြန်ထိန်းကျောင်းရန်အတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွတ်မှုကို ခိုင်မာအားကောင်း စေရမည်ဖြစ်သည်။

ထို့ပြင် အရှေ့တောင်အာရှ နိုင်ငံများသည် တခြားစီးပွားရေး မိတ်ဖက်များရှာဖွေပြီး တရုတ်အပေါ် မှီခိုအားထားမှုကို လျှော့ချပြီး ရေရှည်တည်တံ့သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု အရင်းအမြစ်များကို ရှာဖွေရန် လိုအပ်သည်။

အဆုံးစွန်အားဖြင့် အရှေ့တောင်အာရှ၏ အနာဂတ်သည် ရှုပ်ထွေးသော ပထဝီဝင်နိုင်ငံရေး အခင်းအကျင်းကို ဖြတ်သန်းရနိုင်ပြီး တရုတ်၏ ပြင်ပဖိအားများကို တွန်းလှန်ရနိုင်သည်။

အချုပ်အခြာအာဏာ၊ ဒီမိုကရေစီနှင့် အပြန်အလှန်လေးစားမှုဆိုင်ရာ အခြေခံမူများကို လိုက်နာခြင်းဖြင့် ဒေသတွင်းတွင် တရုတ်၏ သြဇာလွှမ်းမိုးမှု ကြီးထွားလာချိန်တွင် ယင်းတို့၏ ကိုယ်ပိုင်လက္ခဏာကို အခိုင်အမာ ပုံဖော်ရမည်ဖြစ်သည်။

သို့သော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလမ်းသည် စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသည်။ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ရန်လိုသော စီးပွားရေးနည်းဗျူဟာများကြောင့် အရှေ့တောင်အာရှနိုင်ငံများအတွက် တရုတ်သြဇာလွှမ်းမိုးမှုကို တွန်းလှန်ရန် ခက်ခဲစေသည်။

တရုတ်ရင်းနှီးမြုပ်နှံမှုများ၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုမရှိခြင်းကြောင့် နိုင်ငံများသည် ခေါင်းပုံဖြတ် မှု နှင့် အကျပ်ကိုင်မှုတို့ကို ခံနေရသည်။

ဤအခြေအနေမျိုးတွင် အရှေ့တောင်အာရှနိုင်ငံများသည် “ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်း” ထောင်ချောက်အတွင်းသို့ မကျဆင်းစေရန် သတိထားရမည်ဖြစ်သည်။ တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် ရေတိုစီးပွားရေးအကျိုးအမြတ်များကို ပေးစွမ်းနိုင်သော်လည်း လျှို့ဝှက်ကုန်ကျစရိတ်များနှင့် ရေရှည်ဆိုးကျိုးများရှိနေသည်။

အကျပ်ကိုင်သည့်တရုတ်နည်းပရိယာယ်များကို ရင်ဆိုင်ရာတွင် အရှေ့တောင်အာရှသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှုကို ဦးစားပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကာကွယ်ရမည်ဖြစ်သည်။
ဖိလစ်ပိုင်၏တရားမ၀င်အွန်လိုင်းလောင်းကစားနှင့် မလေးရှား၏ 1MDB အရှုပ်တော်ပုံနှင့် ပတ်သက်သည့် အတွေ့အကြုံသည် မထိန်းချုပ်နိုင်သည့် တရုတ်သြဇာလွှမ်းမိုးမှု၏ အန္တရာယ်များကို ဖော်ပြနေသည်။

သို့ပေမယ့် အရှေ့တောင်အာရှနိုင်ငံတွေက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို သတိထားပြီး ကြိုဆိုနေကြဆဲဖြစ် သည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး ပိုမိုပွင့်လင်းမြင်သာပြီး၊ တာဝန်ခံမှုရှိသည့် မဟာဗျူဟာစီမံချက်များ လိုအပ်သည်။

ထို့ပြင် အရှေ့တောင်အာရှနိုင်ငံများသည် တရုတ်နိုင်ငံ၏ ကြီးထွားလာနေသော သြဇာလွှမ်းမိုးမှုကို ဟန်ချက်ညီစေရန် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွတ်မှုကို အားကောင်းစေရမည်ဖြစ် သည်။

စည်းလုံးညီညွတ်မှုဖြင့်သာ အရှေ့တောင်အာရှသည် အချုပ်အခြာအတွက် အာမခံချက်ရှိနိုင်ပြီး တရုတ်က ဗိုလ်ကျစိုးမိုးရန် ကြိုးပမ်းမှုများကို တွန်းလှန်နိုင်မည် ဖြစ်သည်။ အရှေ့တောင်အာရှတွင် တရုတ်၏ အကျပ်ကိုင်ထိန်းချုပ်မှုသည် ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အချုပ်အခြာအာဏာကို သိသိသာသာ ခြိမ်းခြောက်နေသည်။

တရုတ်ရင်းနှီးမြုပ်နှံမှုများသည် စီးပွားရေးအခွင့်အလမ်းများကို ပေးစွမ်းနိုင်သော်လည်း လျှို့ဝှက်ကုန်ကျစ ရိတ်များနှင့် အန္တရယ်များလည်း ပါရှိသည်။ အရှေ့တောင်အာရှနိုင်ငံများသည် အမျိုးသားအကျိုးစီးပွားနှင့် ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကာကွယ်ရေးအတွက် လိုအပ်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အကျိုးကျေးဇူးများကို ဟန်ချက်ညီအောင် ဂရုတစိုက်ဆောင်ရွက်ရမည်ဖြစ်သည်။

စည်းလုံးညီညွတ်မှု၊ ခံနိုင်ရည်ရှိမှုနှင့် မဟာဗျူဟာမြောက် အမြော်အမြင်ရှိမှုဖြင့်သာလျှင် တရုတ်၏ ကြီးထွားလာ နေသော သြဇာလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို အရှေ့တောင်အာရှက တွန်းလှန်နိုင်မည်ဖြစ် သည်။