၅ မိနစ်ဖလူးစခန်း (သို့မဟုတ်) ၅ မိနစ်သာခုခံနိုင်ခဲ့သည့် စစ်ကောင်စီတပ်၏ ဖလူးမဆုတ်တမ်းခံစစ်စခန်း

(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ဖလူးကျေးရွာက စစ်ကောင်စီတပ်စခန်းတခုဖြစ်တဲ့ ဖလူး မဆုတ် တမ်းခံစစ်စခန်းကို KNU/KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၁၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဖလူးမဆုတ်တမ်းခံစစ်စခန်းကို ပူးပေါင်းတပ်ဖွဲ့က ငါးမိနစ်သာထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ စခန်းကို စွန့်ခွာထွက်ပြေးသွားကြပါတယ်။ စစ်စခန်းထဲက ပြည်သူ့စစ်နှစ်ဦးကို သုံ့ပန်းအဖြစ်ဖမ်းဆီးနိုင်ခဲ့ ပြီး ငါးကြင်းမြီးစက်လတ်အပါအဝင် လက်နက်ငယ် ငါးလက်၊ ၆၀ မမ ပြောင်းရှည်တလက်၊ ပွိုင့်ဖိုက်ကျည် နဲ့ စက်လတ်ကျည်အပါအဝင် လက်နက်ငယ်ကျည် ၂၀,၂၆၈ တောင့်၊ အာပီဂျီနဲ့ ၄၀ မမကျည် ၇၄ လုံး ၊ ၈၁ မမနှင့် ၆၀မမ ကျည် ၂၁ လုံး၊ မိုင်းမျိုးစုံ ၁၃၂ လုံး၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ရိက္ခာများတွေကို သိမ်းဆည်းရရှိခဲ့ပါတယ်။
ငါးမိနစ်သာ ထိုးစစ်ဆင်တိုက်ခိုက်လိုက်ရတဲ့ ဖလူးမဆုတ်တမ်းခံစစ်စခန်းကို မဇ္ဈိမစစ်သတင်းထောက် ဟန်ထူးဇော်က သွားရောက်ရိုက်ကူး တင်ဆက်ထားပါတယ်။

ရိုက်ကူး/တည်းဖြတ်/တင်ဆက် ဟန်ထူးဇော်