ကျွမ်းကျင်မှု မရှိသော တရုတ်အစိုးရ စီးပွားရေးလုပ်ငန်းများ ကျရှုံးမှုနှင့် ရင်ဆိုင်နေရ

Directus

ကမ္ဘာလုံးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးနယ်ပယ်တွင် အောင်မြင်မှုရရှိရန် ပညာရှင်ဆန်သော ကျွမ်းကျင်မှု သည် စီးပွားရေးလုပ်ငန်းများအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ ယူအေအီး အခြေစိုက် Global Aerospace Logistics (GAL) နှင့် China National Aero-Technology Import & Export Cooperation (CATIC) တို့အကြား မကြာသေးမီက ဖြစ်ပွားခဲ့သော ဖြစ်ရပ်သည် တရုတ်အစိုးရ လုပ်ငန်းများအတွင်း ချို့ယွင်းချက်များစွာ ရှိနေကြောင်း ထင်ရှားစေသည်။ GAL နှင့် CATIC အကြား ရှုပ်ထွေးသော ဆက်ဆံရေးသည် ပညာရှင်ဆန်သော ကျွမ်းကျင်မှု မရှိခြင်း၊ လုပ်ငန်းလည်ပတ်ရာတွင် ထိရောက်မှုမရှိခြင်းနှင့် ညံ့ဖျင်းသော စက်မှုလုပ်ငန်းစံနှုန်းများကြောင့် ဖြစ်ပြီး ၎င်း သည် တရုတ်စီးပွားရေးကဏ္ဍအချို့ကို ပျက်စီးစေသည်။

CATIC အပေါ် GAL ၏ မကျေနပ်ချက်များသည် တရုတ်အစိုးရလုပ်ငန်းများအတွင်း ပညာရှင်မဆန်၍ စနစ်မကျသော ပြဿနာအရင်းအမြစ်ကြောင့်ဖြစ်သည်။ GAL မှာယူထားသော အမှာစာများ ၏ ၅၄ % ကျော် သည် မှာယူထားသော ရက်ထက် ပျမ်းမျှ ရက်ပေါင်း ၂၀၀ ကျော် ကျော်လွန် နှောင့်နှေးခဲ့သည်။ ယင်းသည် GAL ၏ လုပ်ငန်းများကို အနှောင့်အယှက် ဖြစ်ရုံသာမက အသုံးပြုမည့် ယူအေအီး လေတပ်ကိုပါ ထိခိုက်စေပြီး အရေးကြီးသော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဆုတ်ယုတ်မှု အဖြစ် ‘Mission Impaired Cause Awaiting Parts’ (MICAP) မှ သတ်မှတ်သည်။ CATIC သည် GAL ၏ စိုးရိမ်မှုများကို ချက်ခြင်းဖြေရှင်းရန် ပျက်ကွက်ခဲ့ပြီး ၎င်း သည် လုပ်ငန်းပိုင်းဆိုင်ရာ စနစ်မကျခြင်းနှင့် ပညာရှင်မဆန်မှုကို ပေါ်လွင်စေသည်။ GAL ၏ အပြုသဘောဆောင်သော ဆွေးနွေးမှုများကို လျစ်လျူရှုခဲ့ခြင်းကြောင်း တင်းမာနေသော စီးပွားရေး ဆက်ဆံရေးကို ဖြစ်စေသည်။ ထိရောက်သော ဆက်သွယ်ရေး လမ်းကြောင်းများ မရှိခြင်းသည် ပြဿနာကို ဖြေရှင်းရာတွင် အဟန့်အတားဖြစ်စေပြီး အခြေအနေကို ပိုမိုဆိုးရွားစေသည်။

ထို့ပြင် ထိရောက်မှုမရှိသော CATIC ၏ ပြင်ဆင်မှု ပြေစာ (ROs) သည် ကျွမ်းကျင်မှု နည်းပါးခြင်းနှင့် စာချုပ်ပါဝတ္တရားများအတွက် ကတိကဝတ်ဖောက်ဖျက်ခြင်းကို ထင်ဟပ်စေသည်။ ပျမ်းမျှ ၆၇ ရက် သက်တမ်းလွန် နေသော ပြေစာ ၃၄ ခုနှင့် ရက်ပေါင်း ၃၀ အတွင်း သက်တမ်းကုန်ဆုံးမည့် နောက်ထပ် ၅၇ ခု ရှိပြီး CATIC ၏ သတ်မှတ်ရက်များကို လိုက်နာနိုင်မှု မရှိခြင်းကြောင့် GAL ၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေသည်။ Start-Stop Electromotors၊ Power Electromotors နှင့် Velocity Control Driving Levers စသည့် အရေးပါသော အစိတ်အပိုင်းများသည် GAL ၏ တာဝန်ထမ်းဆောင်နိုင်မှုကို အဟန့်အတားဖြစ်စေသည်။

CATIC ၏ ပညာရှင်မဆန်‌သော အပြုအမူများ၏ အကျိုးဆက်သည် လုပ်ငန်းလည်ပတ်မှု နှောင့်နှေးခြင်းထက် ပိုမိုသည်။ CATIC ၏ ချိုးဖောက်မှု အတွက် GAL မှ ပြင်းထန်သော ပြစ်ဒဏ် ချမှတ်မှုသည် တင်းမာသော အခြေအနေကို ဖော်ပြနေသည်။ GAL သည် CATIC ၏ အရည်အသွေးညံ့ဖျင်းမှုအတွက် ညှိနှိုင်းလုပ်‌ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း တာဝန်ခံမှု မရှိခြင်းသည် တရုတ်အစိုးရ လုပ်ငန်းအချို့အတွင်း ပညာရှင်မဆန်သော အလေ့အကျင့်ဖြစ်သည်။

GAL နှင့် CATIC ပြဿနာသည် အရည်အသွေးညံ့ဖျင်းသော ထိန်းချုပ်မှု၊ ထောက်ပံ့ရေးကွင်းဆက် စီမံခန့်ခွဲမှု မလုံလောက်ခြင်းနှင့် စာချုပ်ဆိုင်ရာ တာဝန်ဝတ္တရားများကို ဂရုမစိုက်ခြင်း တို့ကြောင့် ဖြစ်ပြီး တရုတ်စက်မှုလုပ်ငန်းကို ထိခိုက်စေသည့် ပြဿနာများ ဖြစ်လာသည်။ အဆိုပါ စနစ်မကျသော ချို့ယွင်းချက်များသည် တရုတ်အစိုးရလုပ်ငန်းများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေရုံသာမက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဆက်ဆံမှုများတွင် ယုံကြည်မှုကိုလည်း ပျက်ပြားစေသည်။ တရုတ်အစိုးရလုပ်ငန်းများအတွင်း ပညာရှင်မဆန်ခြင်း ၏ မူလဇစ်မြစ်ကို ဖြေရှင်းခြင်းရာတွင် လက်ရှိ စီးပွားရေးလုပ်ထုံးလုပ်နည်းများကို ပြန်လည်ပြင်ဆင်ရန် လိုအပ်သည်။ ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးလမ်းကြောင်းများ၊ တင်းကျပ်သော အရည်အသွေးထိန်းချုပ်မှု အစီအမံများနှင့် စာချုပ်ဆိုင်ရာ တာဝန်ဝတ္တရားများကို ပိုမိုလိုက်နာခြင်းနှင့် ပညာရှင်ဆန်ပြီး တာဝန်ခံမှုရှိသော အလေ့အကျင့်ကို မွေးမြူရန် အရေးကြီးသည်။

လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု ကင်းမဲ့ခြင်းသည် လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည် ကျဆင်းခြင်းနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဆက်ဆံရေးအတွက် သိသာထင်ရှားသော စိန်ခေါ်မှုများ ဖြစ်ပေါ်စေသည်။ အဆိုပါ စနစ်မကျသော ချို့ယွင်းချက်များကို ပြုပြင်ရန်နှင့် ကမ္ဘာ့စီးပွားရေးနယ်ပယ်ရှိ တရုတ်အစိုးရလုပ်ငန်းများအပေါ် ယုံကြည်မှု ပြန်လည်ရရှိရန် အရေးပေါ်အစီအမံများ လိုအပ်သည်။ GAL-CATIC အကျပ်အတည်းတွင် တွေ့ရသော ချို့ယွင်းချက်များသည် တရုတ်အစိုးရလုပ်ငန်းများအတွင်း အမြစ်တွယ်နေသော ကြီးမားကျယ်ပြန့်သည့် ပြဿနာများကြောင့် ဖြစ်သည်။ အဓိကစိန်ခေါ်မှုများ တွင် စီးပွားရေးလုပ်ငန်း လည်ပတ်မှုများနှင့် နိုင်ငံရေးအကျိုးအမြတ်များ ရောယှက်ခြင်းသည် အရင်းခံဖြစ်ပြီး ပညာရှင်ဆန်သော ကျင့်ဝတ်နှင့် အစိုးရ ညွှန်ကြားချက်များကြားတွင် ကန့်သတ်ချက်များ ပျောက်ဆုံးနေသည်။ ယင်းသည် စီးပွားရေးလုပ်ငန်း ထိရောက်မှုထက် နိုင်ငံရေးအစီအစဉ်များကို ဦးစားပေးလုပ်ဆောင်ပြီး နောက်ဆုံးတွင် ပညာရှင်ဆန်သော ကျွမ်းကျင်မှုနှင့် တာဝန်ခံမှုကို ထိခိုက်လာသည်။

ထို့ပြင် တရုတ်အစိုးရလုပ်ငန်းများအတွင်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု မရှိခြင်းက ပြဿနာကို ပိုမိုဆိုးရွားစေသည်။ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များသည် မကြာခဏဆိုသလို ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် အချို့သော လုပ်ဆောင်ချက်များ သို့မဟုတ် ကြန့်ကြာမှုများ နောက်ကွယ်ရှိ ကျိုးကြောင်းဆီလျော်မှုကို ပြင်ပမှ သက်ဆိုင်သူများသိရှိရန် ခက်ခဲသည်။ တာဝန်ခံမှုဆိုင်ရာ ရှင်းလင်းပြတ်သားသော စည်းမျဉ်းမရှိဘဲ ပညာရှင်မဆန်သော အပြုအမူများ သည် မှားယွင်း လုပ်ဆောင်တက်သော အမူအကျင့်ကို ဖြစ်စေသည်။

ထို့ပြင် လုပ်ငန်းလည်ပတ်ရာတွင် မြန်ဆန်မှုနှင့် ထိရောက်မှုကို ဟန့်တားသည့် ဗျူရိုကရေစီ ကြိုးနီစနစ်များ ကြီးစိုးနေခြင်း ဖြစ်သည်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် မကြာခဏဆိုသလို ဗျူရိုကရေစီလုပ်ထုံးလုပ်နည်းများဖြင့် နစ်မွန်းနေပြီး ဆုံးဖြတ်ချက်ချရာတွင် နှောင့်နှေးခြင်း နှင့် စျေးကွက် တောင်းဆိုချက်များအား တုံ့ပြန်နိုင်စွမ်းကို အဟန့်အတားဖြစ်စေသည်။ ယခုဖြစ်ရပ်တွင် ဗျူရိုကရေစီ စနစ်ကြောင့် ထိရောက်မြန်ဆန်သော စုံစမ်းမေးမြန်းမှုများ နှင့် စေ့စပ်ညှိနှိုင်းမှုများတွင် နှောင့်နှေးခဲ့သည်။ ထို့ပြင် တရုတ်စီးပွားရေးကဏ္ဍအချို့တွင် ပြိုင်ဆိုင်မှု ကင်းမဲ့ခြင်းသည် အရည်အသွေးညံ့ဖျင်းမှု နှင့် လုပ်ငန်းမတိုးတက်မှုကို ဖြစ်စေသည်။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများသည် ပုဂ္ဂလိကလုပ်ငန်းများကဲ့သို့ ဆန်းသစ်တီထွင်ခြင်း သို့မဟုတ် စွမ်းဆောင်ရည်မြှင့်တင်ရန် တူညီသော စျေးကွက်ဖိအားများနှင့် ရင်ဆိုင်ရမည် မဟုတ်ပေ။ စျေးကွက်ဝေစုအတွက် ယှဉ်ပြိုင်ရန် တွန်းအားမရှိသော တရုတ်အစိုးရလုပ်ငန်းအချို့သည် ခေတ်နောက်ကျသော အလေ့အကျင့်များဖြင့် ကျွမ်းကျင်မှုတွင် နိုင်ငံတကာစံနှုန်းများနှင့် မကိုက်ညီဘဲ လုပ်ငန်း ရပ်တန့်သွားနိုင်သည်။

အဆိုပါ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်သည့် ဘက်စုံပြုပြင်ပြောင်းလဲမှုများ လိုအပ်သည်။ ယင်းတွင် ဗျူရိုကရေစီ လုပ်ငန်းစဉ်များ ချောမွေ့စေရေး၊ ကြီးကြပ်ရေး ယန္တရားများ အဆင့်မြှင့်တင်ခြင်းနှင့် နိုင်ငံရေး ချိတ်ဆက်မှုများထက် စွမ်းဆောင်ရည်အပေါ် အခြေခံသော လုပ်ငန်းဆိုင်ရာ အသိုင်းအဝိုင်းကို မြှင့်တင်ရန် ဖြစ်သည်။ GAL-CATIC အကျပ်အတည်းသည် ကျွမ်းကျင်ပိုင်နိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိခြင်း အပါအဝင် တရုတ်အစိုးရလုပ်ငန်းများတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ပြဿနာများကို ဖော်ပြနေသည်။ အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းခြင်းသည် တရုတ်စီးပွားရေး အလေ့အကျင့်များ အပေါ် ယုံကြည်မှု ပြန်လည်ရရှိစေရုံသာမက ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အတွက် အထောက်အကူဖြစ်စေသော ပတ်ဝန်းကျင်ကို ဖော်ဆောင်ရာတွင်လည်း အရေးကြီးသည်။