နေဝင်ချိန်မှာကျင်းပမယ့် စစ်ကောင်စီရဲ့တပ်မတော်နေ့ အခမ်းအနား(ရုပ်သံ)

ဂျူချန်း

(မဇ္ဈိမ)။ ။မတ်လ ၂၇ ရက်နေ့မှာ ကျရောက်မယ့် စစ်ကောင်စီရဲ့ ၇၉ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို ညနေပိုင်းမှာ ပြောင်းလဲကျင်းပမယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေကနေ တဆင့် ကြေညာထားပါတယ်။

အရင်နှစ်တွေမှာ တပ််မတော်နေ့ စစ်ရေးပြအခမ်းအနားကို နေ့ခင်းပိုင်းမှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ညနေ ၅နာရီ ၁၅ မိနစ်မှာမှ စပြီး ကျင်းပသွားမယ်လို့ ဆိုပါတယ်။

ဒီနှစ်မှာကျရောက်တဲ့ ၇၉ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားအတွက် စစ်ရေးပြစစ်ကြောင်းတွေကို ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့မှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး စစ်ရေးပြအခမ်းအနားအတွက် လုံခြုံရေးကို အထူးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

တင်ဆက်/တည်းဖြတ်-ဂျူချန်း