ကလေးမြို့နယ်က စစ်မှုထမ်းဥပဒေကန့်ကွက်သည့် လူထုဟောပြောပွဲ

ပုံအညွှန်း - ယနေ့ပြုလုပ်သည့် လူထုဟောပြောပွဲ ။(ဓါတ်ပုံ -ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ)

ပုံအညွှန်း – ယနေ့ပြုလုပ်သည့် လူထုဟောပြောပွဲ ။(ဓါတ်ပုံ -ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ)

ပါခွီး

(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်အတွင်းရှိ ကျေးရွာတရွာတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ကန့်ကွက်သည့် လူထုဟောပြောပွဲကို ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ယနေ့ (မတ်လ ၃၁ ရက်)တွင်ပြု လုပ်သည်။

“လူငယ်လူရွယ်တွေအပြင် လူကြီးတွေပါ စိတ်ဝင်တစား လာရောက်နားထောင်ကြ တာကိုတွေ့ရပါတယ်။ လူငယ်တော်တော်များများလည်း စစ်မှုမထမ်းချင်တဲ့အတွက် ပြောင်းရွှေ့လာနေကြတယ်” ဟု ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီဝင် တဦးက မဇ္စျိမကိုပြောသည်။

ဟောပြောပွဲအစီအစဥ်အတွင်း လေယာဥ်ဗုံးကြဲမှုနှင့် လက်နက်ကြီး ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

ယင်းအပြင်“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” နှင့် “သစ္စာ” တော်လှန်ရုပ်ရှင်ကားများ ပြသခဲ့ကြောင်း သိရသည်။

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်များအကြား ထိတွေမှု အသေးစားများ ဖြစ်ပွားလျက်ရှိနေပြီး မြို့ပေါ်အထိုင်စခန်းများမှ နေ့စဥ်မပျက် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိနေကြောင်း သပိတ်ဦးဆောင်သူထံက သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ