လောင်းလုံးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လမ်းလျှောက် ဆန္ဒပြ (ပုံသတင်း)

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီမှ ဦးဆောင်ပြီး ယနေ့ (ဧပြီလ ၂၉ ရက်) မွန်းလွဲပိုင်းက “လူထုအာဏာ တည်ဆောက်၊ လွတ်မြောက်ရေးအတွက် ဆက်လျှောက်” ခေါင်းစဥ်နှင့်အတူ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။