မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မဲဆောက်ရောက်လာတဲ့ မြန်မာတွေ နေထိုင်ရပ်တည်ရေး ခက်ခဲ(ရုပ်သံ)

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။ မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မဲဆောက်ကို ရွှေ့ပြောင်းလာတဲ့ မြန်မာနိုင်ငံသားတွေဟာ နေထိုင်ရပ်တည်ရေးအတွက် အလုပ်ရှာဖွေရာမှာ အခက်အခဲတွေရှိနေကြပါတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံဘက်ကို မြန်မာနိုင်ငံသားတွေ ဝင်ရောက်လာနေပြီး စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးချိန်မှာတော့ ဝင်ရောက်လာသူဦးရေ ပိုမိုများပြားလာပါတယ်။

ထိုင်းအစိုးရက နိုင်ငံခြားသားများကို လုပ်ကိုင်ခွင့်ပြုမထားတဲ့ လုပ်ငန်းပေါင်း ၂၇ မျိုး၊သဘောတူလက်မှတ်ရေးထိုးထားတဲ့ သတ်မှတ်နိုင်ငံသားများအတွက်ခွင့်ပြုထားတဲ့ လုပ်ငန်း သုံး မျိုး၊ အလုပ်ရှင်မှ ခန့်ထားလျှင် လုပ်ကိုင်နိုင်သည့် တစိတ်တပိုင်း(သို့)ကျွမ်းကျင်လုပ်သားလုပ်ငန်း ရှစ် မျိုးနဲ့ MOU အရအလုပ်ရှင်မှခန့်ထားလျှင်လုပ်ကိုင်ခွင့်ရှိသောလုပ်ငန်း နှစ်မျိုး စုစုပေါင်း အမျိုး ၄၀ သတ်မှတ်ထားတာပါ။

လက်ရှိမှာ ထိုင်းနိုင်ငံအစိုးရ တာဝန်ရှိသူတွေကလည်း သူတို့ခွင့်ပြုချက်ပေးမထားတဲ့ လုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်ကိုင်သူတွေရှိ၊မရှိကိုလည်း ရှောင်တခင် ဝင်စစ်ဆေးမှုတွေ ပိုလုပ်လာပါတယ်။

သတင်း၊တင်ဆက်-ကိုရွှေမြိတ်
တည်းဖြတ်- နောင်နောင်