၃ နှစ်ကြာ ဝေးကွာပြီးနောက် အီတလီစီးရီးအေကို ပြန်လည်ရောက်ရှိလာတဲ့ ပါးမား

By PKThawn

ပါးမားဟာ ဘာရီကို ၁-၁ ဂိုးနဲ့ သရေကျအပြီး ဒုတိယတန်းမှာ သုံးနှစ်ကြာပြီးနောက် အီတလီစီးရီးအေကို တန်းတက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ပါးမားအသင်းဟာ ပွဲစဉ် ၃၆ အပြီး ကစားရန် နှစ်ပွဲကျန်ရှိချိန်မှာ ၇၄ မှတ်ရရှိထားပြီး တတိယနေရာက ဗီနီဇီယာထက် ၇ မှတ်အသာရထားပါတယ်။

ပါးမားရဲ့နောက် ၃ မှတ်အကွာ ဒုတိယနေရာက ကိုမိုအသင်းဟာ တန်းတက်လာနိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ့် ကိုမာနဲ ၄ မှတ်သာကွာဟတဲ့ ဗီနီဇီယာအနေနဲ့လည်း play-offs အတွက် အခွင့်အရေး ရယူဖို့ အလားအလာရှိနေပါတယ်။

အခုအချိန်အထိတော့ စီးရီးအေအောက်ခြေက ဆလာနီတာနာတသင်းတည်းသာ ထိပ်တန်းလိဂ်ကနေ တန်းဆင်းအနေနဲ့ အတည်ပြုပြီးဖြစ်ပါတယ်။

ပါမားဟာ အီတလီလိဂ်ဖလားကို တကြိမ်မှ မဆွတ်ခူးခဲ့ဖူးပေမယ့် သူတို့ဟာ အီတလျံဖလား သုံးကြိမ် ချန်ပီယံဖြစ်ခဲ့ပါတယ်။

ဥရောပမှာ သူတို့ဟာ ၁၉၉၃ မှာ Cup Winners’ Cup၊ ၁၉၉၅ နဲ့ ၁၉၉၉ တွေမှာ UEFA ဖလားကို ဆွတ်ခူးခဲ့ပါတယ်။

(AFP)