လူသားစာနာအကူအညီ၊ လူ့အခွင့်အရေးနှင့် လွတ်မြောက်မြို့များအရေး| Human Rights Barometer – Episode 32

စစ်မက်ပဋိပက္ခကြောင့် သန်းပေါင်းများစွာသော မြန်မာလူထု လူသားစာနာထောက်ထားမှုအကူညီများလိုအပ်နေချိန်တွင် စစ်အုပ်စုက လူသားစာနာအကူညီများကို နိုင်ငံရေးအဖြစ်အသုံးချသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။  အမှန်တကယ်လိုအပ်နေသူများထံ အကူအညီများရောက်ရှိရေး မည်သို့လုပ်ဆောင်ကြမှာလဲ။ လူသားစာနာအကူအညီများပေးရုံဖြင့် လူ့အခွင့်အရေးတိုးတက်လာမှာလားဆိုခြင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူလိုက်သော နယ်မြေများတွင် လူ့အခွင့်အရေးတိုးတက်ကောင်းမွန်ရေး လုပ်ဆောင်ရမည့်အချက်များကိုလည်း ယခုအစီအစဉ်တွင် ထဲ့သွင်းဆွေးနွေးထားသည်။