ရေဦးမှာ အမျိုးသား ၈၀ ထက်မနည်းကို စစ်မှုထမ်းခိုင်းရန် စစ်ကောင်စီဖမ်ဆီးထား

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ အမျိုးသားတွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဖမ်းဆီးမှုတွေပြုလုပ် နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းပြီးချိန်ကစလို့ စာရင်းကောက်ယူထားသူတွေရော စာရင်းကောက်ယူချိန် က မပါဝင်ခဲ့တဲ့သူတွေကိုပါ နေအိမ်ထဲအထိဝင်ရောက်ဖမ်းဆီးတာတွေကို စစ်ကောင်စီတပ်ဖွဲ့က လုပ် ဆောင်နေတာလည်း ဖြစ်ပါတယ်။

မတ်လဆန်းကစပြီး စစ်ကောင်စီတပ်ဖွဲ့က ရေဦးမြို့ပေါ်ရပ်ကွက်တွေမှာ လှည့်လည်ဖမ်းဆီးခဲ့ရာ လက်ရှိ အချိန်အထိ ဖမ်းဆီးခံထားရတဲ့အမျိုးသား ၈၀ ဦးထက်မနည်းရှိနေပြီဖြစ်တယ်လို့ ရေဦးအခြေပြု People’s Defense Comrade အဖွဲ့တာဝန်ခံ ကိုထူးခန့်ဇော်က ပြောပါတယ်။

သတင်း — MTO
တည်းဖြတ် ၊ တင်ဆက် — MTO