ယူနိုက်တက်ရဲ့ အနာဂတ်အပေါ် သံသယတွေ တိုးလာနေပေမယ့် တန်ဟက်ဂ်ကို FA ဖလား ဖိုင်နယ်အထိ ပေးကိုင်ဖွယ်ရှိ

By PKThawn

မန်ချက်စတာယူနိုက်ရဲ့ ကစားသမားဟောင်းတွေက ချက်ချင်းအပြောင်းအလဲပြုလုပ်ဖို့ တောင်းဆိုမှုတွေရှိနေပမယ့်လည်း အသင်းအနေနဲ့ FA ဖလားဗိုလ်လုပွဲမတိုင်ခင် နည်းပြ အဲရစ် တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ရည်ရွယ်ချက်မရှိကြောင်း သိရပါတယ်။

တနင်္လာနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို အရှက်ရဖွယ် ၄-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ယူနိုက်တက်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က တန်ဟက်ဂ်ကို ချက်ချင်းထုတ်ပယ်သင့်တယ်လို့ တောင်းဆိုခဲ့သလို  ပေါလ်စခိုးက သူ့ရဲ့လက်ထောက်နည်းပြ စတိဗ် မက်ကလာရန်ဟာ ပိုကောင်းအောင် လုပ်ဆောင်နိုင်မယ်လို့ သဘောတူလိုက်ပါတယ်။

ဒါပေမယ့် Telegraph Sport ကတော့ ယူနိုက်တက်ဟာ မေလ ၂၅ ရက်မှာ မန်ချက်စတာစီးတီးနဲ့ FA Cup ဖိုင်နယ်ပွဲမတိုင်ခင် တန်ဟက်ဂ်ကို ထုတ်ပယ်ဖို့ အစီအစဉ်မရှိဘူးလို့ သိရှိထားပါတယ်။

ဒတ်ခ်ျလူမျိုးနည်းပြဟာ သူ့အသင်း ဝင်ဘလေမှာ မမျှော်လင့်ထားတဲ့ အနိုင်ရလဒ်ကို လုပ်ဆောင်နိုင်ပါက သူ့ရဲ့ ရာထူးကို ဆက်လက်ထိန်းသိမ်းဖို့ မျှော်လင့်ချက်တချို့ကို ရှာတွေ့နိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ့်လည်း မကြာသေးခင်က ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ယင်းရလဒ်ဟာ သေချာပေါက် ဝေးကွာသွားစေပါတယ်။

ကစားသမားအများအပြားက FA ဖလားဗိုလ်လုပွဲအပြီးမှာ တန်ဟက်ဂ်ရဲ့ကံကြမ္မာကို ဆုံးဖြတ်ထားပြီးသားလို့ ယုံကြည်ပေမယ့်လည်း အိုးလ်ထရက်ဖို့ဒ် အတွင်းလူတွေကမူ သူ့ရဲ့အနာဂတ်အတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကို ရာသီမကုန်ခင်အထိ ပြုလုပ်မှာမဟုတ်ကြောင်း အခိုင်အမာဆိုပါတယ်။

အသင်းနဲ့ တန်ဟက်ရဲ့ ဆက်သွယ်မှုမှာ ဒီရာသီမှာ ပြဿနာတွေဖြစ်စေတယ်လို့ ဆိုကြပြီး သူဟာ လှုံ့ဆော်မှုစွမ်းရည်တွေနဲ့ နားလည်ပြီး မျှဝေခံစားနိုင်စွမ်းမှာ အားနည်းနေတယ်လို့ သတင်းရင်းမြစ်တချို့က ယုံကြည်နေပါတယ်။

ယူနိုက်တက် အကြီးအကဲတွေဟာ တချိန်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အလားအလာမရှိတဲ့ တန်ဟက်ရဲ့ အသင်းကို လက်လျော့လိုက်ပြီးဖြစ်ပါတယ်။ ယင်းဟာ နောက်ပိုင်းမှာ သင်္ချာနည်းဖြင့် မဖြစ်နိုင်ပေမယ့် ကလပ်အသင်းဟာ ဥရောပ ဝင်ခွင့်အတွက် လုံးဝ လွဲချော်ရမယ့် အန္တရာယ် ရှိနေပါတယ်။

Ref; The Telegraph