နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၅ မေ ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုးရ

ကနေဒါနိုင်ငံ၊ အော်တိုဝါမြို့ရှိ လွှတ်တော်အတွင်းဝန် ရုံးခန်းတွင် လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး တို့သည် ကနေဒါနိုင်ငံခြား ရေးဝန်ကြီးဌာန ၊ လွှတ်တော်အတွင်းဝန် Mr. Hon. Rob Oliphant နှင့် မေလ ၂၃ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရှိ ရ သည်။

ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးသည် မေလ ၂၂ ရက်က ဂျပန်လွှတ်တော်အမတ်များ နှင့်တွေ့ဆုံ၍ ကြားနာပွဲ ပြုလုပ်ပြီး မြန်မာ့အခြေအနေ များ ကို ရှင်းပြခဲ့ကြောင်း ဂျပန်ရောက် မြန်မာအသိုင်းအ၀ိုင်းက ပြောသည်။

ပဲခူးတိုင်း၊‌ တောင်ငူမြို့နယ်၊ မြပင်ကူးကျေးရွာအနီးတွင် မေလ ၂၃ ရက်၊ မွန်းလွဲပိုင်းက ၃ နာရီကြာ တိုက် ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ပြည်သူ့ ကာ ကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ မှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ် ရေးတပ်မတော် ၊ တောင် ပိုင်းတိုင်း၊ အမှတ် ၂ စစ်ဒေသတွင် ရဲဘော်သစ်များ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်း အနားပြုလုပ်ကြောင်း ကျားသစ်နက်စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့အနီးရှိ အမှတ် (၈) လေ့ကျင့်ရေးတပ်ကို ကာကွယ်ရေးတပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း Freedom Revolution Force (FRF) တပ်ဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းတစ်ခုကို မေလ ၂၃ ရက်၊ နေ့ လယ်ပိုင်းက စီးနင်းရန် ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်များက ခုခံ တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး ထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန် ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းရှိ ကျေးရွာများသို့ လှည့်လည်၍ စစ်ရှောင်ရွာ နှင့် ကျန်းမာရေးကုသခွင့်မရသော ကျေးရွာ ၇ ရွာသို့ သွားရောက်၍ တကသများ-ရန်ကုန် နှင့် ကျောင်းသားလက်ရုံး တပ်တော်တို့က ဆေးကုသ စောင့်‌ ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျွန်းလည်ရွာရှိ လေသာကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ် ကောင်စီတပ်သားများကို မေလ ၂၄ ရက်၊ မွန်းလွဲပိုင်းက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ-အရာတော်လမ်း ပိုင်းတစ်နေရာတွင် စစ်ကောင်စီ လက်အောက်ခံ ဒုတပ်ကြပ် တစ်ဦးကို မုံရွာမြို့နယ် ပြည်သူ့လုံ ခြုံရေးအဖွဲ့က မေလ ၂၂ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင် နှင့် ရဲကင်းစခန်းကို မေလ ၂၄ ရက်၊ နံနက် ၈ နာရီခွဲ ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၇ ဦး သေဆုံးခဲ့ကြောင်း Snipe Rangers Force (Local – PDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ မေလ ၂၅ ရက်တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း ဦးဆောင် ကာ မေလ ၂၄ ရက်တွင် စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ကလေးမြို့လူထု တိုက်ပွဲဦးဆောင်ကော်မတီက လေယာဉ် ဗုံးကြဲ ခံရသည့် မင်းတပ် နှင့် အတူရပ်တည်ကြောင်း သွေးစည်းညီညွတ်ရေး သပိတ်တစ်ရပ်ကို ကလေးမြို့ ဒေသခံ ပြည်သူများနှင့်အတူ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၃ နေရာမှ စစ်ရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်များ ကိုယ်စား ထမင်းတစ်နပ်ကို သွားရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ရှေ့ပြေးကင်း ထွက်လာသော အကြမ်းဖက် စစ်သားများကို မေလ ၂၂ ရက်က ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကောလင်း ခရိုင် တပ်ရင်း ၂ ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေ ပျူစောထီးများကို စစ်သင်တန်း ပေးနေသည့် ရန်သူစစ်တပ်က ဒုတပ်ကြပ် တစ်ဦးကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးခဲ့ သည်ဟု ယနေ့ အသိပေး ထုတ်ပြန်ထားသည်။

ပဲခူးတိုင်၊ အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိန်အုပ်စု၊ ကျွန်းလှကုန်းရွာရှိ ကရင်လူမျိုး ကိုအော့ထော့ကို မေလ ၁၉ ရက်က အကြမ်းဖက် စစ်တပ်က ဖမ်းဆီးနှိပ်စက်ပြီး ထန်းပင်ကုန်းရွာသုသာန်တွင် သေနတ်ဖြင့် ပစ်သတ် မြေမြုပ်လိုက်ကြောင်း ဒေသခံပြည်သူများက ပြောသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကံချောကျေးရွာ ဘုန်းကြီးတွင် ဝင်ရောက်တပ်စွဲသည့် အကြမ်းဖက် စစ်သားများကို မေလ ၂၂ ရက်၊ နံနက် ၁၀ နာရီခန့်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်ထပ်ရွာ သဲတောရွာ နှင့် ဇီးတောရွာများသို့ စစ်ကြောင်း ထိုး လာသော စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိမှုများပြားပြီး သေနတ် ငါးလက် သိမ်းဆည်း ရရှိခဲ့ကြောင်း ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ – YSO မှ မေလ ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို ဒရုန်း၊ ရော့ကတ်များဖြင့် မေလ ၂၄ ရက်၊ နံနက်အစောပိုင်းက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု ရှိနိုင်ကြောင်း ဘာမထီ လက်နက်ကြီးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးချိုရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို မေလ ၁၄ ရက်၊ ညနေပိုင်းက ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း Shwe Nyar Myae People Defense Force မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အဝင် တံတားစစ်ဆေးရေးဂိတ်ကို မေလ ၂၂ ရက်၊ နံနက်ပိုင်းက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်ထံမှ သိရသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အမှတ် ၁ စစ်ဒေသတွင် စစ်ဘေးရှောင်လျက်ရှိသော သက်ကြီးရွယ်အိုများ နှင့် ရဟန်းသံဃာများ အပါအဝင် ဒေသပြည်သူ ၂၅၀ ဦး ဝန်းကျင်ကို ပြည်သူ့ လွတ်မြောက်ရေး တပ်မ တော်၏ ဆေးတပ်ဖွဲ့ရဲဘော်များက ကျန်းမာရေးစောင့်ရှောက်မှုများ နှင့် ဆေးဝါးကုသပေးခဲ့ကြောင်း သိရသည်။

ZERO ပြောက်ကျားတပ်ဖွဲ့ မြင်းခြံတပ်ရင်းဌာနချုပ်မှ ရဲဘော်များအတွက် ယူနီဖောင်း၊ လက်နက်၊ ခဲယမ်း ကျပ်သိန်း ငါးထောင့် သုံးဆယ့် သုံးသိန်း ခုနှစ်သောင်းဖိုး ဝယ်ယူ တပ်ဆင်နိုင်ခဲ့သည်ဟု ZERO တပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများ အပါအဝင် အရပ်သားပြည်သူများ၏ အခြေ အနေနှင့်ပတ်သက်၍ အမေရိကန်၊ ဥရောပ သမဂ္ဂအပါအဝင် ၁၀ နိုင်ငံ၊ ကုလသမဂ္ဂ IIMM နှင့် မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး ကောင်စီတို့က စိုးရိမ်ဟု ကြေညာချက်များ အသီးသီး ထုတ်ပြန်လိုက်ကြသည်။

မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် မေလ ၂၂ ရက်မှ စတင်ကာ အကြမ်းဖက်စစ်တပ် လက် အောက်ခံ အကျဉ်းဦးစီးဌာနက ထောင်ဝင်စာပါဆယ်များ ပို့ရာတွင် အကျဉ်းကျခံနေရသူ၏ မိသားစုဝင် မဟုတ်ပါက ထောင်ဝင်စာ ပါဆယ်မပို့ရဟု စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း နိုင်ငံရေး အကျဉ်းသူ များအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရခိုင်ပြည်နယ် အခြေအနေနှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများ အပါ အဝင် အရပ်ဘက်အဖွဲ့ ၁၉၅ ခု၏ ထုတ်ပြန်ချက်တွင် မှားယွင်းမှု၊ ကတိအခြေအနေနှင့်ကွဲလွဲမှုများပါဝင်နေ၍ အပြင်းအထန် ကန့်ကွက်ကြောင်း AA က သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီထံမှ သိမ်းပိုက်ထားသည့် ထိန်းချုပ်နယ်မြေ‌ဒေသများတွင် စစ်ဘေးရှောင် ဦးရေ ၅၀၀,၀၀၀ ကျော်ရှိနေပြီး ၎င်းတို့အတွက် အကူအညီများ ပေးကြရန် အာရက္ခ တပ်တော် (AA) က မေလ ၂၄ ရက်တွင် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် နှင့် မောင်တောမြို့နယ်တို့တွင် စစ်ဘေးရှောင်ပြည်သူ ၂ သိန်း ခန့်ရှိပြီး ၈၀ ရာခိုင်နှုန်းမှာ မူဆလင်လူမျိုးများ ဖြစ်ကာ ဘာသာ၊ လူမျိုးမခွဲခြားဘဲ အကောင်းဆုံး ကူညီ ကာကွယ်စောင့်ရှောက်ပေးထားကြောင်း ယနေ့ မေလ ၂၄ ရက်တွင် ရခိုင့်တပ်တော် AA က ထုတ်ပြန် ထားသည်။

ချင်းပြည်နယ်၊ တွန်းဇံမြို့သိမ်း တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၀ ဝန်းကျင် အရှင်ဖမ်းမိပြီး လက် နက် ၁၀၀ ကျော် ရရှိကာ သေဆုံးသူ စစ်သား ၂၀ ဝန်းကျင်ရှိကြောင်း CNA/CNF သတင်းရင်းမြစ်က ပြောသည်။

ချင်းပြည်နယ် အတွင်းရှိ မရာ လက်နက်ကိုင်တပ်ဖွဲ့ များဖြစ်သော ချင်းဒေသကာကွယ်ရေးတပ် (CDF)-Mara နှင့် မရာ ကာကွယ်ရေးတပ်ဖွဲ့ (MDF) တို့ ပေါင်းစည်းရေးအတွက် မေလ ၂၄ ရက်တွင် သဘော တူညီခဲ့သည်ဟု CDF မရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကရင်နီ (ကယား) ပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၂ တပ်ရင်းကို မေလ ပထမအပတ်အတွင်းက ဒရုန်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်မှ အရာရှိအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း – Drone & Technology Department မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ပြည်သူများ နှင့် ရွာသူကြီးများကို အကြမ်း ဖက်စစ်ကောင်စီလက်‌အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့မှ ဖမ်းဆီးပြန်ပေးဆွဲပြီး ငွေကြေးနှင့် ပြန် ရွေးခိုင်းနေသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မှ ယနေ့ ထုတ်ပြန် လိုက်သည်။

စစ်ကောင်စီ

မကွေးတိုင်းဒေသကြီးအတွင်း တန်းစဉ်ကူးပြောင်းမှုများ အားနည်းပြီး အတန်းပညာတတ်မြောက်မှုများ အားနည်းနေသေးသည်ကို တွေ့ရကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က မေလ ၂၄ ရက် က ပြုလုပ်သည့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ ရာတွင် ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည့် မုန်တိုင်းငယ်သတင်း နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ် နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ အနေဖြင့် ကြိုတင်သတိပေးမှု၊ လိုအပ်သည့် ပြင်ဆင်မှု နှင့် ဇာတ်တိုက် လေ့ကျင့်မှုများကို ဆောင်ရွက်ထားကြရန် စစ်ကောင်စီ ဒုခေါင်း ဆောင် စိုးဝင်းက မေလ ၂၄ ရက်က ပြုလုပ်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးတွင် ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ယမန်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တရားမဝင် ငွေလွှဲဟွန်ဒီလုပ်ငန်းများကို နိုင်ငံတကာက စောင့်ကြည့်နေပြီး ဗဟိုဘဏ် အချင်းချင်း ပူးပေါင်းဆောင်ရွက်နေမှုများကြောင့် အရေးယူခံရနိုင်သည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားလိုက်သည်။

Crypto ငွေကြေးများ ရောင်းဝယ်ပါက ငွေစာရင်း ပိတ်သိမ်းခံရမည်အပြင် ဥပဒေနှင့်အညီ အရေးယူသွား မည် ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မေလ ၂၄ ရက်တွင် အသိ ပေးကြေညာထားသည်။

ပြည်တွင်း ဆေးဝါးဈေးကွက်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ပေးစေလိုကြောင်း စစ် ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက မေလ ၂၃ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ ဆေးဝါး နှင့် ဆေးပစ္စည်းများ ထုတ်လုပ်သူများ အသင်းကတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် ပြောသည်။

ရုရှား နှင့် ဘယ်လာရုစ်နိုင်ငံမှ IL 76 ကုန်တင်လေယာဉ်များဖြင့် နေပြည်တော် အေလာလေတပ်ထဲသို့ တိုက်ရိုက်ဆင်းသက်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ အဆက်မပြတ် ပို့ဆောင်နေကြောင်း နေပြည်တော် လေတပ်သတင်းရင်းမြစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြသည်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အနောက်ပိုင်း၊ အပြင်ပဒံ ရပ်ကွက်၊ အနော်ရထာ စက်မှုဇုန် အပိုင်း ၂ တွင် ပါဝင်သော ကျွန်းကြီးကျေးရွာမှ အိမ်ခြေ ၃၀၀ ကျော် နှင့် ဉာဏ်တော် ၂၄ ပေရှိ ထိုင်တော်မူ အေးငြိမ်းချမ်းသာဘုရားကြီးတို့ကို မေလ ၂၄ ရက်က ကျူးကျော်ဟုဆိုကာ စစ်တပ်က ဖြိုချ ဖျက်ဆီး လိုက်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းတွင် ဖော်ပြထားသည်။

မေ ၂၅ ရက် သုံးသပ်ချက်

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က တရားမဝင် ငွေလွှဲလုပ်ငန်းများ ဒစ်ဂျစ်တယ်ငွေကြေးများကို အရောင်းအဝယ်ပြုလုပ်နေမှုများကို အရေးယူ ထိန်းချုပ်ရန် လုပ်ဆောင်နေသော်လည်း မထိန်းချုပ်နိုင်တာကို တွေ့ရသည်။

မြန်မာငွေတန်းဖိုးကျဆင်းခြင်း၊စက်သုံးဆီရှားပါခြင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်နေခြင်း တို့ကြောင့် ဆေးဝါးအပါအဝင် သွင်းကုန်အများစုသည် ဈေးကြီးမြင့်ခြင်းနှင့် ဈေးနှုန်းမတည်ငြိမ်မှုများ ဖြစ်နေမည်ဖြစ်ပြီး ယင်းအခြေအနေတွင် စီးပွားလုပ်ငန်းရှင်များနှင့် ဆေးဝါးတ င်သွင်း ထုတ်လုပ်သူများကို ဖိအားပေး၍မရဘဲ စစ်ကောင်စီကိုယ်တိုင်ဖြေရှင်းရမည့် ကိစ္စများပင်ဖြစ်သည်။