ကလေးမြို့တွင် PDF ထောက်ပို့ဟု စွပ်စွဲချက်ဖြင့် လူ ၃ဦးအဖမ်းခံရ

ပုံအညွှန်း - ကလေးမြို့ရှိ အကျဥ်းထောင်းအားမြင်တွေ့ရစဥ်။

ပုံအညွှန်း – ကလေးမြို့ရှိ အကျဥ်းထောင်းအားမြင်တွေ့ရစဥ်။

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့တွင် ပြည်သူ့ကာကွယ်ရေး (PDF)တပ်ဖွဲ့အား ထောက်ပံ့ကူညီမှုဖြင့် စွပ်စွဲပြီး ဒေသခံသုံးဦးကို ဖမ်းဆီးထားကြောင်း ကလေးမြို့ခံ တစ်ဦးကပြောသည်။

ကလေးမြို့ ပင်လုံရပ်ကွက်ရှိ ယုန်စန္ဒာ ချစ်တီးထမင်းဆိုင်မှ သားအမိနှစ်ဦးအား မေလ ၂၃ရက်တွင် စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပြီး မေလ ၂၄ရက်နေ့တွင် ကလေးမြို့ လေဆိပ်၌ အလုပ်လုပ်ကိုင်နေသည့် အမျိုးသားတဦးကို ဆက်လက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“နှစ်ရက် ဆက်ဖမ်းတာပေါ့ ၊ PDF တွေကို ထောက်ပို့လုပ်တယ်ဆိုတဲ့ စွပ်စွဲပြီး ဖမ်းတာလို့သိရတယ် ၊ အခုထိ မိသားစုဆွေမျိုးတွေနဲ့ တွေ့လို့မရသေးဘူး” ဟု ကလေးမြို့ဒေသခံက မဇ္စျိမကိုပြောသည်။

ယုန်စန္ဒာထမင်းဆိုင်သည် လူအဝင်အထွက်သိပ်မများသော်လည်း စစ်ကောင်စီတပ်က စောင့်ကြည့်ပြီး ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်းနှင့် ဆိုင်ကိုလည်း ချိတ်ပိတ်ထားသည်ဟုဆိုသည်။

၎င်းတို့ဖမ်းဆီးခံရပြီးနောက် အောင်သစ္စာရပ်ကွက်နေ ကိုခင်မောင်ဆွေ (ကလေးလေဆိပ်တွင် အလုပ်လုပ်ကိုင်နေသူ)ကိုပါ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းတို့ သုံးဦးကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) တွင် ထိန်းသိမ်းထားပြီး မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးဟု ဒေသခံကဆက်ပြောသည်။

ကလေးမြို့၌ နိုင်ငံရေးဖြစ်ပတ်သက်သည့် ဖမ်းဆီးမှုများတွင် ဒစက ၌ ဦးစွာစစ်ဆေးပြီး ၎င်းတို့စစ်ဆေးမှုပြီးဆုံးမှသာ ရဲစခန်းသို့လွှဲအပ်၍ မည့်သည့်ပုဒ်မဖြင့် တရားစွဲဆိုရန် ညွှန်ကြားလေ့ရှိကြောင်းသိရသည်။

ရဲစခန်းသို့ အဖမ်းဆီးခံများရောက်ရှိပြီးနောက် မိသားစုဝင်များက တွေ့ဆုံ ခွင့်ရရန်အတွက် ငွေများပေးရလေ့ရှိကြောင်းနှင့် ယင်းမှတဆင့် တရားရုံးထုတ်၍ တရားစွဲဆိုပြီး ထောင်သို့ပို့ကြောင်း ကလေးမြို့နိုင်ငံရေးအကျဥ်းသားများထံက သိရသည်။

ကလေးမြို့တွင် စစ်ကောင်စီတပ်သည် စစ်ဆေးရေးဂိတ်များဖွင့်လှစ်ထားပြီး လမ်းသွားလားများကို ဖမ်းဆီးငွေညှစ်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံက ပြောသည်။

စာတည်း – သန့်ဇော်(သန်လျင်)