KIA သိမ်းပိုက်လိုက်တဲ့ ဆဒုံးဗျူဟာတပ်စခန်း

ရုပ်သံအညွှန်း- KIA သိမ်းပိုက်ရရှိသော ဆဒုံးဗျူဟာစခန််းကုန်းမြင်ကွင်း

မဇ္ဈိမ

ကချင်ပြည်နယ်၊ ဝိုင်းမော် – ကန်ပိုင်တည် တရုတ်နယ် စပ်ဂိတ်သွားရာလမ်းမကြီးဖြတ်သန်းသွားတဲ့ ဆဒုံးမြို့က စစ်ကောင်စီတပ်ရဲ့ အထိုင်ချဗျုဟာစခန်းကို အခုလ ဇွန်လ ၁၁ ရက်နေ့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။

အခုရုပ်သံပါ ဆဒုံးဗျူဟာစခန်းဟာ နယ်စပ်ကုန်သွယ် ရေးလမ်းပိုင်းမှာ အထူးအရေးပါတဲ့ ဗျုဟာစခန်းတစ်ခုဖြစ်ပြီး ဒီဗျုဟာစခန်းကိုတော့ မိုးကောင်း​မြို့အခြေစိုက် အမှတ် (၃) ရှေ့တန်းစစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် လက်အောက်ခံတပ်ရင်းနှစ်ရင်းဖြစ်တဲ့ ခမရ (၃၈၉) တပ်ရင်းနဲ့ ခလရ (၄၀) တပ်ရင်းတို့က ပူးပေါင်းအထိုင်ချ တပ်စွဲထားတာပါ။

ဆဒုံးမြို့ကို KIA က သိမ်းပိုက်ပြီးနောက် ကချင်ဒေသအတွင်းမှာ တရုတ် − မြန်မာနယ်စပ် ကုန် သွယ်ရေးလုပ်ငန်းတွေ လက်တလော ရပ်တန့်သွားပြီဖြစ်ပြီး ကန်ပိုင်တည်နယ်စပ်ဂိတ်မှာ တရုတ် – မြန်မာ ကုန်စည် အမြောက်အများ ပိတ်မိနေပြီ ဖြစ်ပါတယ်။

ဆဒုံးမြို့ဟာ ဝိုင်းမော်မြို့နယ်ထဲပါဝင်တဲ့ မြို့နယ်ခွဲတခုဖြစ်ပြီး ဆဒုံးမြို့နဲ့ ငါမိုင်နီးပါးသာဝေးတဲ့ကန်ပိုင်တည်မြို့ကတော့ တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် နောက်ဆုံးကျန်ရှိတဲ့ နယ်စပ်ကုန်သွယ်ရေး မြို့လည်း ဖြစ်ပါတယ်။