အညာပညာရေး အားကောင်းဖို့ | ချစ်သောအညာမြေ Episode-43

အညာမှာ ဒီနှစ်စာသင်ကျောင်းပေါင်း ဘယ်လောက် ဖွင့်လှစ်ထားနိုင်လဲ၊ အရင်နှစ်နဲ့ ဒီနှစ်နဲ့ ဘယ်လောက်ကွာလဲ၊ အညာဒေသက စိုးမိုးနယ်မြေတွေမှာ ကြားကာလပညာရေး စာသင်ကျောင်းတွေ လည်ပတ်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမြင်ကို သုံးသပ်ဆွေးနွေးချက်၊ ကြားကာလ ပညာရေး စာသင်ကျောင်းတွေမှာ ဘယ်လိုစနစ်မျိုး သင်ကြားပေးတာလဲ၊ အခက်အခဲစိန်ခေါ်ချက်နှင့် အညာပညာရေး ပိုမိုအားကောင်းလာဖို့ ဘယ်လိုပံ့ပိုးမှုများ လုပ်ပေးဖို့လိုမလဲ စတာတွေကို နားဆင်ကြရမှာ ဖြစ်ပါတယ်။

ကလေးမြို့နယ် ကြားကာလပညာရေးဖော်ဆောင်သူ ဆရာကောင်းလူ၊ ပခုက္ကူမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာမ မပန်းနှင့် စစ်ကိုင်းဖိုရမ်ရဲ့ လူသားချင်းစာနာထောက်ထားမှု တာဝန်ခံ ကိုသက်ဦးတို့ကို ကိုနောင်နောင်က မေးမြန်းဆွေးနွေးထားပါတယ်။