ဒီတပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာတော့ တော်လှန်ရေးကာလ ပညာဆက်မသင်နိုင်တဲ့ တိုင်းရင်းသားလူငယ်တွေရဲ့ အနာဂတ်ပညာရေးအတွက် စစ်ရှောင်လူငယ်တွေကို ပညာသင်ပေးနေသူဖြစ်ပြီးတော့ “နွေဦးဂုရုလေးများ ပညာရေးစင်တာ” ရဲ့ကျောင်းအုပ်တာဝန်လည်းယူထားတဲ့ မခင်စန္ဒာညွှန့် ကို Zoom ကနေတဆင့် ဖိတ်ခေါ်ဆွေးနွေးထားပါတယ်။ ဒီတပတ်မှာတော့ အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့တန်းတူညီမျှမှုတွေဆုံးရှုံးနေတာတွေ၊ အနာဂတ်လူငယ်တွေအတွက် ဖက်ဒရယ်ပညာရေးက အရေးပါပုံတွေနဲ့ စစ်မှုထမ်းဥပဒေအသက်သွင်းလိုက်တဲ့အပေါ် အမြင်နဲ့သုံးသပ်ချက်တွေကို ဆွေးနွေးတင်ပြထားပါတယ်။
Related Posts
လူငယ်တွေအနေနဲ့ဆုံးဖြတ်ချက်ချတတ်ဖို့ | ကျန်းမာသုတ လူမှုဘ၀ Episode – 52
လူငယ်တွေအရွယ်မှာ ကို့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကိုရွေးချယ်တာဖြစ်ဖြစ်၊ လူမှုရေးကိစ္စမှာဖြစ်ဖြစ်၊ အခြေအနေအကြောင်းကြောင်းကြောင့် ပြသနာဖြစ်လို့ ဖြေရှင်းတဲ့နေရာမှာ ကိုရဲ့တုံ့ပြန်တာနဲ့ ရှေ့ဆက်ရမယ်လမ်းအတွက် ဆုံးဖြတ်ချက်ချရတော့မယ်ဆိုရင် စိတ်ခံစားချက်ကို လိုက်ပြီး ဆုံးဖြတ်ချက်ချမိတယ်ဆိုရင် မှားနိုင်တာတွေရှိတတ်ပါတယ်။ အဲလို လူငယ်တွေဆုံးဖြတ်ချက်မမှားရအောင်လို့ ဘယ်လိုတွေးခေါ်ကြံဆသင့်သလဲဆိုတာကို ဒေါက်တာဖြိုးသီဟက အကြုံပြုဆွေးနွေးထားပါတယ်။
ဟွန်ဒါနှင့် ဂျင်နရယ်မော်တာက လျှပ်စစ်ကားအစား ဟိုက်ဒရိုဂျင်ပါဝါသုံးကားများ ပူးပေါင်းထုတ်လုပ်မည်
FossBytes/HondaNews General Motors (GM) နှင့် Honda က လောင်စာဆဲလ်စနစ်ထုတ်လုပ်မှု(FCSM) အတွက် ပူးပေါင်းဆောင်ရွက်ကာ မီချီဂန်ပြည်နယ်ရှိ ဒေါ်လာ ၈၅ သန်း ရင်းနှီးမြှုပ်နှံထားသည့် အဆင့်မြင့်စက်ရုံတွင် ဟိုက်ဒရိုဂျင်လောင်စာ ဆဲလ်အများအပြား ထုတ်လုပ်မည် ဖြစ်သည်။ စတုရန်းပေ ၇၀,၀၀၀ ကျယ်ဝန်းသော စက်ရုံတွင် စွမ်းဆောင်ရည်မြင့်မားပြီး…