တိုက်ပွဲဖြစ်ပွားရာနေရာအနီးသို့ ကပ်နိုင်သမျှကပ်ကာ မေးမြန်းစုံစမ်း၊ ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်လုပ်ရသော စစ်သတင်းထောက်ဘ၀မှာ ဂျာနယ်လစ်ဇင်တွင် အန္တရာယ်အများဆုံးအလုပ်ဟု အများအားဖြင့်သတ်မှတ်ကြသည်။ ကိုဟန်ထူးဇော်မှာ ထိုသို့သော စစ်သတင်းထောက်အလုပ်ကိုရွေးချယ်ခဲ့သော အနည်းစုတွင်ပါဝင်ကာ မဇ္ဈိမမီဒီယာအတွက် သတင်းပေးပို့မှုများပြုလုပ်လျှက်ရှိသည်။ ယခု Exclusive Interview အစီအစဉ်တွင် ကိုဟန်ထူးဇော်၏ စစ်မြေပြင်သတင်းထောက်ဘ၀ အတွေ့အကြုံများကို မီးမောင်းထိုးပြထားသည်။
Related Posts
“တရားဝင်မှုနဲ့ပတ်သက်ရင် အရင်းအမြစ်သုံးသွယ်ရှိတယ်”- `အီဂေါ ဗလာဇီဗစ်
စစ်ကောင်စီအနေဖြင့် တိုင်းပြည်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ဖြစ်နိုင်ခြေအလွန်နည်းနေပြီဖြစ်သော်လည်း နိုင်ငံခြားအကူအညီဖြင့် သက်ဆိုးရှည်နိုင်သေးကြောင်းနှင့် တရားဝင်မှုအရင်းအမြစ်သုံးသွယ်ပေါင်းစပ်၍ စုပေါင်းသံရေးတမန်ရေးထိုးစစ်ကောင်းများဖြင့် တားဆီးဖို့လိုသည်ဟု ချက်နိုင်ငံ ပရာ့ဂ်ဟာမြို့တွင် အခြေစိုက်သော နိုင်ငံရေးသုတေသီ အီဂေါဗလာဇီဗစ်က ပြောသည်။ Legitimacy အရင်းအမြစ် သုံးသွယ်ရှိကာ NLD၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် နွေဦးတော်လှန်ရေးဦးဆောင်ကဏ္ဍတွင်ပါဝင်သူများဖြစ်သည်ဟု သူကဆိုသည်။