တီဗွီ, ရုပ်သံသတင်းတို လောက်ကိုင်မြို့ပေါ် စစ်ကောင်စီတပ် လေကြောင်းမှပစ်ခတ်၊ မြို့ပေါ်တွင် ပစ်ခတ်သံများထွက်ပေါ် December 19, 2023December 19, 2023 Playရုပ်သံအညွန်း − ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် လောက်ကိုင်မြို့သို့ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်စဉ်။ရုပ်သံ − The Kokangရွှေနွယ်(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ပေါ်သို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည်ဟု ကိုးကန့်တပ်မတော် (MNDAA)က ယနေ့ ဒီဇင်ဘာလ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။ယမန်နေ့ ဒီဇင်ဘာလ ၁၈ရက် ညပိုင်း၌ လောက်ကိုင်မြို့နယ်၊ လောက်ရှန်းထန်ဒေသကို စစ်ကောင်စီက တိုက်လေယဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယနေ့မနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း ပစ်ခတ်သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လျက်ရှိကြောင်း လောက်ကိုင်ဒေသခံများထံမှ သိရသည်။“တရုတ်ချိန် မနက် ၁၀ နာရီ၊ မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၃၀ လောက်က ပစ်ခတ်သံတွေ စကြားရတယ်၊ ဆက်တိုက်ကြားနေတာ၊ ခဏနေတော့ ရပ်သွားတယ်” ဟု ယနေ့မနက်ပိုင်းက ဖြစ်ပွားသည့်အခြေအနေကို မွန်းလွဲပိုင်းအချိန်တွင် ဒေသခံက မဇ္ဈိမကို ပြောသည်။ပစ်ခတ်သံမှာ နှစ်ဖက်ပစ်ခတ်သံများကို ကြားရခြင်းဖြစ်ပြီး လောက်ကိုင်မြို့ ပြည်သူ့စစ်ဌာနချုပ်ဘက်တွင်လည်း ပစ်ခတ်သံများ ထွက်ပေါ်ကာ လေကြောင်းမှ ပစ်ခတ်သံများပါ ကြားနေရသည်ဟု ၎င်းကဆိုသည်။ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက် ညပိုင်းမှစတင်ကာ လောက်ကိုင်မြို့အနီးတဝိုက်တွင် ပစ်ခတ်သံများကြားနေရခြင်းဖြစ်ပြီး ယနေ့ မွန်းလွဲပိုင်းတွင်မူ လောက်ကိုင်မြို့ပေါ် ရပ်ကွက်များတွင် သေနတ်သံများ ဗုံးသံများ ဆူညံနေသည်ဟု လောက်ကိုင်ဒေသခံက ပြောသည်။“အခုပစ်နေတာက မြို့လယ်ခေါင်ထဲမှာဖြစ်တာ၊ MNDAA ကလည်း အကုန်လုံးနီးပါးကို သိမ်းပြီးပြီ။ တချို့နေရာတွေကလည်း လက်နက်ချကြတယ်။ လောက်ကိုင်ပြည်သူ့စစ် ဌာနချုပ်နေရာလောက်ပဲ တဝိုက်ကျန်တာ။ ကျူဖန်ပေါ့။ အဲ့အနားကို ဝိုင်းပြီးတိုက်နေကြတာ” ဟု လောက်ကိုင်မြို့ဒေသခံက ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မဇ္ဈိမကိုပြောသည်။လက်ရှိ လောက်ကိုင်မြို့ပေါ်၌ လူသွားလူလာမရှိတော့သည့် အခြေအနေရှိနေသည့်အပြင် ဒေသခံများက နေအိမ်များအတွင်း ပုန်းအောင်း၍ အခြေအနေစောင့်ကြည့်နေကြကြောင်း ဒေသခံကပြောသည်။စာတည်း။ ။ ဖူးသိမ်ကျစာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
“တနိုင်ငံလုံး တော်လှန်ရေးဖြစ်လို့ မိတ်ဖက်ပဋိပက္ခတွေတော့ ရှိမယ်၊ ညှိနှိုင်းအဖြေရှာဖို့လိုပါတယ်” နော်ဆဲဆဲ (NUCC) မဇ္ဈိမ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ဒုတိယအကြိမ်မြောက် ညီလာခံကို ဧပြီလ ၄ ရက်ကနေ ၆ ရက်နေ့အထိ အွန်လိုင်းကနေတဆင့် ကျင်းပပြုလုပ်နေပါတယ်။ ညီလာခံမှာ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင် အင်အားစုတွေ အပါအဝင်…
Mizzima News Hour | December 2023 နောက်ဆုံးရ သတင်းတွေကို နေ့စဉ် (တနင်္လာမှ သောကြာအထိ) နေ့လည် ၁၂နာရီ၊ ၂နာရီ နှင့် ညနေ ၄ နာရီတို့တွင် ပုံမှန် ထုတ်လွှင့်တင်ဆက်ပေးနေတဲ့ မဇ္စျိမသတင်းအစီအစဥ် ဖြစ်ပါသည်။ Mizzima TV Satellite Free…