တောင်ကုတ်မြို့မှ ထွက်ပြေးသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်စည်ပင်အရာရှိကို စစ်ကောင်စီဖမ်း

ရွှေနွယ် (မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးဇာနည်တိုးနှင့် စည်ပင်ဌာနအမှုဆောင်အရာရှိဦးမောင်စိန်သည် ဌာနကိုစွန့်ခွာထွက်ပြေးစဉ် လမ်းခုလတ်၌ စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း မြို့ခံများကပြောသည်။ ဦးဇာနည်တိုးနှင့် ဦးမောင်စိန်သည်ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့က ထွက်ပြေးကြခြင်းဖြစ်ပြီး တောင်ကုတ်မြို့နှင့်၄၄မ်ိုင်ခန့်အကွာ၊ရခိုင်ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ တောင်ပုံကြီးကျေးရွာစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဟု သိရသည်။…

ကျိုက်ထိုတွင် ရွာလှည့်ဈေးသည် ၃ ဦး PDF နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီဖမ်းဆီး

ကျိုက်ထိုမြို့ပေါ်၊ ဗိုလ်ချုပ်လမ်းတနေရာ မြင်ကွင်း (ဓါတ်ပုံ- လူမှုကွန်ရက်) YT (မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ရွာလှည့်ဈေးရောင်းသည့် ဈေးသည်သုံးဦးအား တော်လှန်ရေးအင်အားစုများနှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ကျိုက်ထိုမြို့နယ်အတွင်း ကျေးရွာအချို့၌ပုံမှန်လှည့်လည် ဈေးရောင်းလေ့ရှိသည့်…