မင်းတပ်တွင် စစ်ကောင်စီတပ်က အရပ်သားများအား ဆက်တိုက်ဖမ်းဆီး

ဓာတ်ပုံ။ ​​​။ ၂၀၂၁ခုနှစ်က မင်းတပ်မြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် စစ်ကောင်စီတပ်မှ ဒေသခံများအားဖမ်းဆီးစဥ် (ပုံအဟောင်း)/ ဓာတ်ပုံ။ ​။ HKL mindat ကိုခင်မောင် (မဇ္စျိမ)။ ။ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို ဆက် တိုက်ဖမ်းဆီးလာကြောင်း…

မင်းတပ်မြို့သို့သွားစဥ် ဖမ်းဆီးခံရသည့် အမျိုးသမီး ၂ဦးမှ ၁ဦးပြန်လွတ်

ပုံအညွှန်း။ ။ မင်းတပ်မြို့ပေါ်တွင် ရဲများအားတွေ့ရစဥ် (ပုံဟောင်း) (ဓာတ်ပုံ။ ။ HKL mindat) ကိုခင်မောင် (မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် မှတ်ပုံတင်ပြုပြင်ရန်သွားစဥ် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသော အမျိုးသမီးနှစ်ဦးအနက်မှ တဦးပြန်လွတ်လာကြောင်း မင်းတပ်ဒေသခံများထံမှ…

မင်းတပ်မြို့ လူမရှိသည့်အိမ်များ၌ စစ်ကောင်စီတပ်က ဗုံးများဆင်ထားခဲ့၍ လူရှိလျှင်ပြန်ဖြုတ်ပေးမည်ဟုဆို

မင်းတပ်မြို့ (၃)မိုင်ဘက်ခြမ်းရှိ နေအိမ်များ။ မဇ္ဈိမ ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်အခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၇၄)တပ်ရင်းအနီး လူမရှိသည့်နေအိမ်များထဲ၌ စစ်ကောင်စီတပ်များက ဗုံးများဆင်ထားခဲ့ပြီး လူပြန်လာသည့်အခါ ဆင်ထားသည့်ဗုံးများကို ပြန်ဖြုတ်ပေးမည်ဟု အိမ်များတွင် စာကပ်ထားခဲ့ကြောင်းသိရသည်။ စစ်ကောင်စီတပ်များမှ ဗုံးများဆင်ထားသည့်နေအိမ်များမှာ မင်းတပ်-မတူပီကားလမ်းမတလျောက်ရှိ ခလရ…

စစ်တပ်ယာဥ်တန်း ၁၀၀ကျော် မင်းတပ်သို့ ဦးတည်လာနိုင်သောကြောင့် လမ်းများ ယာယီပိတ်

ပုံအညွှန်း ။ ။ စစ်ကောင်စီတပ်ယာဥ်တန်း (ပုံဟောင်း) / ဓာတ်ပုံ။ ။ CJ ကိုခင်မောင် (မဇ္စျိမ) ။ ။ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့သို့ ဦးတည်ထွက်ခွာလာနိုင်သော အစီးရေ ၁၀၀ကျော်ပါ စစ်ကောင်စီတပ်ယာဥ်တန်းကြောင့် မင်းတပ်-ကျောက်ထုလမ်းနှင့်…

မင်းတပ်မြို့သို့ ဈေးဝယ်လာသော လူငယ် ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ကိုခင်မောင် (မဇ္စျိမ)။ ။ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ ချိုင်ရွာမှ လူငယ်သုံးဦးကို စစ်ကောင်စီတပ်က မတ်လ ၂၁ ရက် ယနေ့နံနက်ပိုင်းကဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ချိုင်ရွာမှ မင်းတပ်မြို့သို့ ဈေးဝယ်ရန်ဆိုင်ကယ်ဖြင့်ထွက်လာသော လူငယ်သုံးဦး ၅ မိုင် အနီးတွင်…

မင်းတပ်မြို့ ခလရ (၂၇၄) တပ်ရင်းကို CDF ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ဦးသေဆုံး

ရုပ်သံအညွှန်း ။ ။ ဖေဖော်ဝါရီလ ၂၇ရက်တွင် CDF -Mindat မှ ခလရ (၂၇၄)တပ်ရင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သည့်မြင်ကွင်း (ရုပ်သံ။ CDF- Mindat) ကိုခင်မောင် (မဇ္စျိမ) ။ ။ ချင်းပြည်နယ်တောင်ပိုင်း၊…

မင်းတပ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်အချို့ပျက်စီး

ပုံအညွှန်း။ ​။ မင်းတပ်မြို့ပေါ်မြင်ကွင်း/ ဓာတ်ပုံ။ ။ HKL mindat ကိုခင်မောင် (မဇ္စျိမ)။ ။ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နယ်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော ဟောင်ဝေဇာလက်နက်ကြီးထိမှန်ပြီး ဒေသခံတဦးခြေထောက်တွင် ထိခိုက်ဒဏ်ရာရှိကာ လူနေအိမ်နှစ်လုံးပျက်စီးသွားကြောင်း မင်းတပ်ဒေသခံများထံမှ သိရသည်။…

တမြို့လုံးနီးပါးစစ်ရှောင်နေရသည့် မင်းတပ်တွင် ပြည်သူ့စစ်သင်တန်းတက်ရန် စာရင်းကောက်ခံ

(မဇ္ဈိမ)။ ။ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ပြည်သူ့စစ်သင်တန်းအတွက် တရပ်ကွက် လျှင် အမျိုးသား ၇၀ ဦး၊ အမျိုးသမီး ၄၅ ဦးပေးရမည်ဟု စာရင်းကောက်ခံနေသည့်အတွက် ဒေသခံများ အခက်တွေ့နေသည်ဟု သိရသည်။ မင်းတပ်မြို့တွင် စံပြ၊ ဘဝသစ်၊…

ကန့်သတ်မှုများကြောင့် မင်းတပ်မြို့သို့ ဆန်၊ စားနပ်ရိက္ခာများ သယ်ယူရာတွင်အခက်ကြုံနေရဟုဆို

ပုံအညွှန်း-မင်းတပ်မြို၂၇၄ တပ်ရင်း ဟိုကင်းရှေ့ နှင့် အဝေးပစ် ၁၂၀ မမထားရှိသည့်နေရာ။ (မဇ္ဈိမ)။ ။ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်နေဒေသခံများသည် ကျောက်ထုဘက်ခြမ်းမှ ဆန်နှင့်စားနပ်ရိက္ခာများ သယ်ယူရာတွင် ဒေသခံကာကွယ်ရေး တပ်များနှင့် စစ်ကောင်စီတပ်များ၏ အဆင့်ဆင့်တားဆီးမှုများကြောင့် အခက်တွေ့နေရသည်ဟု သတင်းအရင်းအမြစ်ထံမှ သိရသည်။…

မင်းတပ်တွင် စစ်ကောင်စီတပ်၏ မြေမြုပ်မိုင်းကြောင့် ကလေးငယ် ၂ ဦး ပြင်းထန်ဒဏ်ရာရ

မင်းတပ်မြို့ပေါ်မြင်ကွင်း/ ဓာတ်ပုံ။ ။ HKL mindat ကိုခင်မောင် (မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်တွင် စစ်ကောင်စီတပ်သားများထောင်ထားသော မြေမြုပ်မိုင်းနင်းမိပြီး အသက်မပြည့်သေးသည့် ကလေးငယ် နှစ်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။…