ဝက်လက်မြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်(ဓာတ်ပုံသတင်း)

ဓာတ်ပုံ-မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ

လွှမ်းမိုး(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် “ခေတ်လွတ်လပ်မှ ကျောင်းသားလွတ်လပ်မည်” ဟူသည့် စာသားပါဘန်နာများဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ယနေ့ ဒီဇင်ဘာလ ၁၁ ရက် ညနေတွင် ပြုလုပ်ခဲ့ကြသည်။

ဝက်လက်မြို့နယ်၊လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့်မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီတို့က ပူးပေါင်းစီစဉ်ကြသည့် အဆိုပါသပိတ်၌ ဒေသခံအများအပြား ပူးပေါင်းပါဝင်ခဲ့ကြကြောင်းသိရသည်။