မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်


မဇ္ဈိမ။ ။ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁ ) စွန်တောင်ကျေးရွာအတွင်းသို့ ဒီဇင်ဘာ ၁၇ ရက်၊ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ ဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြဲပစ်ခတ်သွားသည်ဟု ဒေသခံက ပြောသည်။
ကျေးရွာပေါ်သို့ စစ်ကောင်စီက Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် တရွာလုံးကို ဗုံးကြဲတိုက်ခိုက်ခြင်း အပြင် စက်သေနတ်များဖြင့်ပါ ပစ်ခတ်မှုပြုလုပ်သွားသည်ဟု ကျေးရွာနေဒေသခံတဦးက ဖြစ်စဉ်ကို ပြော ပြလာခြင်း ဖြစ်သည်။