ပလက်ဝတွင် လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာသောရဲများကို ဆုငွေချီးမြှင့်

ပုံအညွှန်း – အလင်းဝင်ရောက်လာသူများနှင့် ဆုငွေချီးမြှင့်နေပုံ။(ဓါတ်ပုံ-CDF – Paletwa)

ပါခွီး

(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးရဲစခန်းမှ တပ်ကြပ်နှစ်ဦးအပါအဝင် စုစုပေါင်းလေးဦးကို လက်နက်များနှင့်အတူ အလင်းဝင်ရောက်လာသဖြင့် ဆုငွေများချီးမြှင့်ခဲ့ကြောင်း ပလက်ဝ ကိုယ်ပိုင်အုပ် ချုပ်သောခရိုင်ကောင်စီက ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“လက်နက်နဲ့ ဝင်လာတဲ့သူတွေကို တယောက် သိန်း ၄၀ စီချီးမြှင့်ပါတယ်။ ထပ်ပြီး ပြည်သူ့ရင်ခွင်ကို ဝင် ရောက်ခိုလှုံကြဖို့လည်း ဖိတ်ခေါ်ပါတယ်” ဟု CDF – Paletwa တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

ဆမီးမရဲစခန်းမှ ဦးလှထွန်း(တပ်ကြပ်)၊ ဦးယိုးသိန်း(တပ်ကြပ်)၊ ဦးလိုင်သိန်း(ဒုတပ်ကြပ်)နှင့် ဦးပီတာလင်း (တပ်သား)တို့သည် G3 သုံးလက်၊ ကျည်ဘောက် ခုနစ်ခု၊ ကျည်ဆံ ၄၈၀ တောင့်၊ 94 သေနတ်တလက်၊ ကျည်ဘောက်နှစ်ခု၊ ကျည်ဆံ ၂၀၀ တောင့်နှင့်အတူ ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) ထံသို့ ဒီဇင်ဘာလ ၁၄ ရက်နေ့ကရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့ရင်ခွင် အလင်းဝင်ခဲ့သည့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များအား ဘေးကင်းလုံခြုံသော နေရာများ သို့ ပို့ဆောင်ပေးခဲ့သည့်အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့် ဆုချီးမြှင့်မှုများ လုပ် ဆောင် သွားမည်ဖြစ်ကြောင်းလည်း အသိ‌ပေးထုတ်ပြန်ထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ