ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်

မင်းထက်

(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဒီဇင် ဘာလ ၂၉ ရက်နေ့ ညပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီအဖွဲ့မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ကြသည်။

စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ဝင်အချို့က “
အဆုံးသတ်အတွက် အဆုံးအဖြတ်ပေးသွားတဲ့ ၂၀၂၃” စာသားပါ ဘန်နာ(ဗီနိုင်း)အားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဟုသပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်န ဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ စတင်ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် စကြဝတေးမင်းကြီး သပိတ်အဖွဲ့၏(၁၅၄)
ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်။