နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၂၉ဒီဇင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ 

  • ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွင်ရှိသည့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးကို ဒီဇင်ဘာ ၂၈ ရက်က  ပြုလုပ်ခဲ့ကြသည်။ 
  • မကွေးသူ တာလပေါ့” မှတ်တမ်းရုပ်ရှင်ကို ဒီဇင်ဘာလ (၃၁) ရက်၊ တနင်္ဂနွေနေ့ ညနေ (၅) နာရီ အချိန်တွင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ Facebook လူမှုကွန် ယက်စာမျက်နှာ နှင့် Public Voice Television(PVTV) ၏ Facebook , Youtube တို့မှ ထုတ်လွှင့် ပြသသွားမည်ဖြစ်ပါသည်။ 
  • စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ မြို့အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူ့ကာကွယ် ရေးတပ်မတော် တပ်ဖွဲ့ဝင်များက ပြည်သူ့တော်လှန်ရေးအလံတော် လွှင့်တင်ခြင်းမှတ်တမ်းရုပ်သံကို ထုတ်ပြန်သည်။ 
  • စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်အတွင်းက ကျေးရွာ ၆ ရွာ၏ မီးဘေးသင့် ပြည်သူများထဲက ကိုယ်ဝ န်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များကို အမျိုးသား ညီညွတ်ရေး အစိုးရ၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်‌ရေးရာဝန်ကြီးဌာနက ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။ 
  • ၂၀၂၃ခုနှစ်တွင် အစိုးရအနေဖြင့် တိုင်းရင်းသား မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် ပိုမိုပူးပေါင်းလာနိုင်ပြီး စစ်ရေးမျက်နှာစာ ၌ သိသာမြင်သာသည့် ရလဒ်တစ်ခုကို ထွက်ပေါ်နိုင် အောင် ကြိုးစားလာနိုင်သည့်အတွက် အားလုံးကို ဂုဏ်ပြုချီးကျူးလိုပါကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟို ကော်မတီ အစည်းအဝေးတွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ချောင်းကြီးနှင့်ငါးတန့်အိုင်ကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲ တိုက်ခိုက်ပြီးနောက် ဒေသခံ ၈၀ ဦးထက်မနည်း ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ 
  • တရုတ်နိုင်ငံနှင့် နယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လုံခြုံရေးအခြေအနေ ပိုဆိုးလာသည့် အတွက် လောက်ကိုင်မြို့မှာရှိနေသော တရုတ်နိုင်ငံသားများ အမြန်ဆုံးထွက်ခွာရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတိပေးထုတ်ပြန်သည်။ 
  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးကျေးရွာမှ ရွာသူ၊ရွာသား ခုနစ်ဦး ထပ်မံထွက် ပြေးလာပြီး အလင်းဝင်လာကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လူသားစာနာ တာဝန်ခံက ပြောသည်။ 
  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။ 
  • မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ကုက္ကိုစုပျူစောထီးရွာမှ ပျူတစ်ဦး ခဲယမ်းများသယ်လာပြီး အလင်းဝင်ရောက်လာကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ရှမ်းပြည်မြောက်ပိုင်း၊ တအာင်းပြည်နယ် တပ်မဟာ (၆) စစ်ဒေသ၊ လားရှိုးမြို့က အကြမ်းဖက် စစ်ကောင် စီတပ်သားတစ်ဦးဟာ အကြမ်ဖက်စစ်တပ်၏ အုပ်ချုပ်မှုကို မကြိုက်တာကြောင့် သေနတ် ၁၊ လက်ကျည် (၂၀၀)ကျော်နှင့် အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း တအာင်း တပ်မတော် TNLAက  ထုတ်ပြန်သည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နှင့် သီပေါမြို့ အကြားရှိ မိုးတေတံတားကို ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်က လာရောက်မိုင်းခွဲ၍ တံတားကျိုးသွား သည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။ 
  • ကရင်နီနှင့် ရှမ်းပြည်နယ် အစပ် ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ရွှေပြည်အေးစခန်းကုန်းနှင့် လွယ်ပတာ စခန်းကုန်းနှစ်ခုကို ဒီဇင်ဘာ ၂၃၊ ၂၄ နှင့် ၂၅ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီး လက်ရှိတွင် ဖယ်ခုံမြို့ အဝင်အထွက်ကို တော်လှန်ရေး အင်အားစုများမှ ထိန်းချုပ်ထားပြီဖြစ်ကြောင်း မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေး မဟာမိတ်အင်အားစုများက ယနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။ 
  • ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် တောင်ကြာအင်းကျေးရွာအုပ်စုကို ယနေ့ ဒီဇင်ဘာလ၂၉ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ကြောင်း တော်လှန်ရေးလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ထံက သိရသည်။ 
  • ရက္ခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှု များ ဆက်လုပ်ခဲ့၍ အရပ်သားသုံးဦးသေဆုံးကာ ကလေးငယ်များအပါအဝင် အရပ် သား ၁၇ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ထားသည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ကို တအာင်းတပ်မတော်(TNLA)က ယမန်နေ့ (ဒီဇင်ဘာ ၂၈ရက်)တွင် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း TNLAက အသိပေးသည်။ 

စစ်ကောင်စီ  

  • ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်တွင် ရေလုပ်သားများအပါအဝင် စစ်ကောင်စီဖမ်းဆီးထားသည့် ဒေသခံ ၆၀ဦးခန့်အနက် အချို့သည် ဒဏ်ငွေ ၂၀,၀၀၀ ပေးဆောင်ရပြီးနောက် ပြန်လည်လွတ် မြောက် လာကြောင်း ဒေသခံများထံမှ သိရသည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ရှိ တရုတ်နိုင်ငံသားများအနေဖြင့် မြို့မှ အမြန်ထွက် ခွာရန် တရုတ်သံရုံး သတိပေးထုတ်ပြန်ပြီးနောက် လောက်ကိုင်မြို့၏ နေရာအနှံ့နီးပါးကို ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက် ညတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း လောက်ကိုင် ဒေသခံများထံက သိရသည်။ လွတ်လပ်ရေးနေ့တွင် နေအိမ်ရှေ့၌ အလံများမဖြစ်မနေတပ်ဆင်ရန် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ဖိအားပေးနေကြောင်း ရန်ကုန်မြို့နေပြည်သူများ က ပြောသည်။ 
  • စစ်​ကောင်စီလက်​အောက်ခံ နယ်ခြား​စောင့်တပ် အဓိကပါဝင်ပက်သက်နေသည့် မြန်မာ နှင့် ထိုင်းနိုင်ငံနယ်စပ်ကအွန်လိုင်း ငွေကြေးလိမ်လည်မှု မလုပ်ငန်းများကို ဖြိုခွင်းသွားမည်ဟု အာဏာသိမ်းစစ်တပ်က ပြောပြန်သည်။ 
  • အကောက်ခွန်သိုလှောင်ရုံမှာ သိုလှောင်နိုင်သည့် ကုန်များအပါအဝင် အခြား ကုန်စည်များကို သွင်းကုန်လိုင်စင်၊ ပါမစ်မရရှိသေးဘဲ ဆိပ်ကမ်းကြိုတင် တင်သွင်းထားပါက သက်ဆိုင်ရာဌာန များ၏  လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်မည်ဟု ကုန်သွယ်ရေးဦးစီးဌာနက ကြေညာသည်။ 
  • အွန်လိုင်းစနစ်နှင့် ရောင်းချသည့် Online Sales လုပ်ငန်းများ၏ မှတ်ပုံတင်ကြေးကို လုပ်ငန်းအမျိုး အစားအလိုက် ကျပ် ၃၀၀၀၀ ကနေ ၇၀၀၀၀ နှုန်းသတ်မှတ် စတင်ကောက်ခံတော့မည်ဟု ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည်။ 
  • အဂတိလိုက်စားမှု ပပျောက်အောင် ကော်မရှင်တစ်ခုနှင့် လုပ်၍မရကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးက ပြောသည်။ 

ဒီဇင်ဘာ၂၉ သုံးသပ်ချက် 

  • စစ်တပ်အာဏာလုထားသ၍ အာဂတိလိုက်စားမှုများ၊မလျော်ဩဇာအသုံးပြုမှုများနှင့် လာဘ်ပေး လာဘ် ယူမှုများ ဖြစ်ပွားနေမည်သည့်အတွက် အဂတိလိုက်စားမှု ပပျောက်အောင် ကော်မရှင်ဖွဲ့ ထားလည်း ဟန်ပြသက်သက်သာဖြစ်မည်ဟု ဆိုရမည်ဖြစ်သည်။