နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၆ဇန်နဝါရီ၂၀၂၄ )

အမျိုးသားညီညွတ်ရေးအစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းအတွင်းမှာရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး ကို ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့ကြသည်။ 
  • စစ်ကိုင်းတိုင်း ၊ကလေးဝမြို့နယ်ရှိ မဟာမြိုင်ကားလမ်းမကြီးအား လုံခြုံရေးစစ်ဆေးမှုများ ဆောင်ရွက် သည်ဟု ကလေးခရိုင် အမှတ် (၉) တပ်ရင်း (Kalewa PDF) က ယမန်နေ့ ဇန်နဝါရီလ ၅ရက်တွင် သတင်းထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မန္တလေးတိုင်း ၊ ကျောက်ဆည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KDDF) မှ မြို့ပြပျောက်ကျား‌ တိုက်ပွဲများ ‌ဖော်ဆောင်နိုင်ရန်အတွက် ကိုယ်တိုင်ထုတ် 9mm Semi Auto Uzi သေနတ် ၁လက်ကို ညီနောင် မဟာာမိတ်အဖွဲ့ဖြစ်တဲ့ SHADOW ASSASSIN ALLIANCE အဖွဲ့ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။ 
  • ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ၊ ဗားကရာလမ်းပေါ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြပြောက် ကျားတပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၆ရက် နံနက်ပိုင်းတွင် လက်ပစ်ဗုံးဖြင့် ပစ်သွင်းတိုက်ခိုက် ခဲ့ကြောင်း မြို့ပြပြောက်ကျားရဲဘော်တဦးက မဇ္စျိမကိုပြောသည်။ 
  • စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (န.မ.ခ) တွင် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရန် ပြင်ဆင်နေစဉ် ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( KLG PDF) ထံက သိရသည်။ 
  • ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့နှင့် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ အရှေ့ဘက်ရှိ ကျေးရွာများတွင် ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့က တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ ကြောင်း ဒေသခံများထံက သိရသည်။ 
  • “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ကို “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA )နှင့် ညီနောင်သုံးဖွဲ့တို့ ထိန်းချုပ်ထားပြီး မြို့တွင်းနေရာအချို့တွင် UWSA နှင့် MNDAA အလံများ ထောင်ထားကာ ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့တွင် အခြေအနေတည်ငြိမ်လျက်ရှိကြောင်း မြို့ခံများ က ပြောသည်။ 
  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာတွင် ဇန်နဝါရီလ ၄ ရက် နေ့လယ် ၁၂ နာရီကျော် အချိန်က ဒေသခံနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု ဒေသခံထံက သိရသည်။ 
  • ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ မူဝါဒရပ်တည်ချက် စာတမ်း(Position Paper) ထုတ်ပြန်နိုင်ခဲ့ပြီး အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲကို ဇန်နဝါရီလ ၄ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 
  • စစ်ကိုင်းတိုင်း၊ ကနီမြို့မရဲစခန်းမှ ရဲမေတစ်ဦးသည် ငါးလသားအရွယ်ရင်သွေးငယ်နှင့်အတူ လက်ပစ်ဗုံးတစ်လုံးယူဆောင်ကာ အလင်းဝင်လာကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့ တပ်မတော် (Anti-Dictatorship People Revolution’s Army)၏ တာဝန်ရှိသူက ပြောသည်။ 
  • ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၆ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်နီပြည်နယ်၊ဘောလခဲမြို့နယ်တွင်ရှိသည့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၆ ဦး နိုဝင်ဘာလ နှင့် ဒီဇင်ဘာလအတွင်း လက်နက်အပြည့်အစုံဖြင့် KNDF တပ်ရင်းများထံ လက်နက်များယူဆောင်ပြီး၊ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ ကရင်နီ အမျိုးသား ကာ ကွယ်ရေးတပ်မတော်- ဗဟိုသတင်းနှင့်ပြန်ကြားရေး ဌာနမှ ထုတ်ပြန်ထားသည်။ 
  • ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံး အကြမ်းဖက်စစ်တပ်ကင်းစင်သည့်နယ်မြေ ဖြစ်ခဲ့ပြီး လက်နက် ချအညံ့ခံကြသောသူများထဲတွင် ဒကစ (လောက်ကိုင်) ကို စစ်ကူပေးရန် ရောက်ရှိလာကြသည့် မြန်မာနိုင်ငံအနှံ့က တပ်မ၊ တပ်ရင်းအစုံထဲက တစ်ယောက်မကျန်ပါဝင်ခဲ့ကြောင်း ညီနောင် မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်သည်။ 
  • ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် ပြည်သူများ အနေဖြင့် စစ်ရေးသတိ အမြင့်ဆုံးထားကြပါရန် မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MDF) က ယမန်နေ့ ဇန်နဝါရီလ ၅ရက်က သတိပေးထုတ်ပြန်သည်။ 
  • ဖားကန့်ရှိ စစ်ကောင်စီ၏ တပ်စခန်း နှစ်ခုကို ကချင်လွတ်မြောက်ရေးတပ်(KIA)နှင့် ပူးပေါင်းအဖွဲ့က ယနေ့ ဇန်နဝါရီလ ၆ ရက် မနက် ၅ နာရီဝန်းကျင်ကတည်းက တိုက်ခိုက်နေကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်က ဆိုသည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂,၀၀၀ ကျော် မြောက်ပိုင်းညီနောင်သုံးဖွဲ့ထံ လက်နက်ချခဲ့ပြီး ယင်းအနက် ဗိုလ်မှူးချုပ် အဆင့်ရှိသူ ခြောက်ဦးပါဝင်သည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။ 

စစ်ကောင်စီ  

  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်အနီးကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 
  • တရုတ်ဘက် ကျည်မကျရေးနှင့် တပ်မိသားစုများလုံခြုံရေးတို့ကြောင့် လောက်ကိုင်တွင် လက်နက်ချလိုက်ကြခြင်းဖြစ်ကြောင်း စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်ဘက်ယိမ်းသည့် Popular News သတင်းဌာနကို ပြောကြားလိုက်သည်။ 
  • လောက်ကိုင်မှပစ်ခတ်သော အမြောက်ကျည် တရုတ်နိုင်ငံဘက်ခြမ်းကျရောက်ပေါက်ကွဲကာ တရုတ်နိုင်ငံသားများ ထိခိုက်ပြီးနောက် တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးဆောင်သောအဖွဲ့ ဇန်နဝါရီ ၅ တွင် နေပြည်တော်ရောက်ရှိလာကာ စစ်ကောင်စီနှင့်တွေ့ဆုံသည်။ 
  • မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းသစ် (၄) ခုကိုခွင့်ပြုပေးလိုက်ကြောင်း သိရသည်။ 
  • ကျေးလက်နေ တောင်သူများသို့ ထုတ်ချေးပေးသည့် စိုက်ပျိုးစရိတ်ချေးငွေများကို ကြွေးဟောင်း ကျေမှ ကြွေးသစ်ပေးသည့်စနစ် ကျင့်သုံးနေကြောင်း စစ်ကောင်စီ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း၏ ပြောသည်။ 
  • နယ်စပ် ဒေသ တည်ငြိမ်ရေး တရုတ် နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Mr. Wang Xiaohong နဲ့ ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တို့ အွန်လိုင်းစနစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ 
  • ၂၀၂၃ ခုနှစ်အတွက် အကယ်ဒမီပွဲကို လာမည့် ဖေဖော်ဝါရီ ၃ ရက်နေ့ မှာ နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ခန်းမတွင်းကျင်းပမည်ဟု စစ်ကောင်စီ ကထုတ်ပြန်သည်။ 

ဇန်နဝါရီ သုံးသပ်ချက် 

  • လောက်ကိုင်တွင် ဗိုလ်မှူးချုပ်အဆင့် ၆ ဦးအပါအဝင်တပ်သားပေါင်း နှစ်ထောင်ကျော် လက်နက်ချ အညံ့ခဲ့သော်လည်း စစ်ကောင်စီ ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်း ဆိုသူက လေသံမလျှော့သေးဘဲ တရုတ်နိုင်ငံဘက်ကို လက်နက်ကြီးကျည်များ ကျရောက်နေ၍ လက်နက်ချရကြောင်း ၎င်းတို့၏ ညံ့ဖျင်းရှုံးနိမ့်မှုကို ဝင်မခံဘဲ ပြောဆိုနေသည်။ 
  • အာဏာမတရားလုယူထား၍ တိုင်းပြည်က ပျက်ကာ စစ်ကောင်စီ၏ နယ်မြေများ ထက်ဝက်နီးပါး အသိမ်းခံထားရတာတောင် ရွေးကောက်ပွဲ အိပ်မက် မက်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ၎င်းအားထောက်ခံသူများ ကိုယ်တိုင်တောင် ပြစ်တင်ဝေဖန် ဆဲဆိုနေသည်ကို တွေ့ရသည်။