ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ် ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေ စစ်ရှောင်နေရ

ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ် ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေ စစ်ရှောင်နေရ

လွှမ်းမိုး (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေဟာ ဒီဇင်ဘာက ၇ ရက်နေ့မှ စတင်ကာ နေရပ်စွန့်ခွါ စစ်ရှောင်နေကြရပါတယ်။ စစ်ကောင်စီတပ် စစ်ကြောင်းက တရွာဝင် တရွာထွက် လှည့်လည်စစ်ကြောင်းထိုးပြီး ရိက္ခာ စုဆောင်းနေတာ ဖြစ်တယ်လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ စစ်ရှောင်ရက် တလနီးပါး ရှိပြီဖြစ်တဲ့ ပုလဲမြို့နယ်က စစ်ရှောင်တွေဟာ စားဝတ်နေရေးနဲ့ကျန်းမာရေးအတွက် ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

သတင်း-လွှမ်းမိုး/ရုပ်သံတည်းဖြတ်-SuLay