နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၁၁ဇန်နဝါရီ၂၀၂၄ ) 

 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာရှိ စစ်တပ်နှင့် ပျုစောထီး စခန်း ကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးပြီး လက်နက်များ သိမ်း ဆည်း ရရှိကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော် စစ်တိုင်းဌာနလက်အောက်က စစ်တောင်းမြို့ပြပြောက်ကျားနှင့် တပ်ရင်း(၈၀၅) အတွက် ပူးပေါင်းစစ်ဆင်ရေးတွင် အသုံးပြုရန် လိုအပ်နေသည့် ကား(၂)စီးဝယ်ယူနိုင်ရေးအတွက် ” ရင်း(၂)ရင်း ကား(၂)စီး သိန်း (၁၀၀၀)ကမ်ပိန်းလေး” ကို ပြည်သူများ ပါဝင်ကူညီပေးကြရန် ဖိတ်ခေါ်ထားသည်။ 
  •  နွေဦးတော်လှန်ရေး အောင်မြင်မှုခွန်အားသစ်များဖြင့် ခြေလှမ်းညီညီ လျှောက်လှမ်းကာ စစ် အာဏာ ရှင်စနစ် အလုံးစုံကင်းစင်သည့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တော်ကြီးအား အမြန်ဆုံး တည်ဆောက်သွားနိုင်ရေးအတွက် ကရင်ညီနောင်တိုင်းရင်းသားများ အပါ အဝင် ပြည်ထောင်စုအတွင်းရှိ ညီနောင်တိုင်းရင်းသားများနဲ့အတူ တွဲလက်ညီစွာ ဆက်လက်ကြိုး ပမ်းသွား မည်ဖြစ်ကြောင်း လေးနက်စွာ သန္နိဋ္ဌာန်ပြုသည်ဟု CRPH ပေးပို့သည့် ကရင်နှစ်သစ်ကူး နေ့သဝဏ် လွှာတွင် ဖော်ပြထားသည်။ 
  • ကရင်နှစ်သစ်ကူးနေ့ အခါသမယမှစပြီး တစ်နိုင်ငံလုံးမှ တော်လှန်ရေး အင်အားစုများနှင့် အတူ အကြမ်းဖက်စစ်အုပ်စုကို ပြိုလဲသည်အထိ လက်တွဲညီညီ တိုက်ထုတ်ကာ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ထူထောင်ပြီး ကရင်တိုင်းရင်းသားတို့၏  လူမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်နိုင်ကြပါစေကြောင်း ဆန္ဒပြုသည်ဟု NUG ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ 
  • စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ကနန်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် သေဆုံးဒဏ်ရာရခဲ့သူများကို ထောက်ပံ့ကူညီငွေပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့ရေး ဒုဝန်ကြီး ဒေါက်တာငိုက်တမ်မောင် က မဇ္စျိမကိုပြောသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ရွာငံမြို့နယ်၊ တောင်ကြားကျေးရွာတွင် နေထိုင်သည့် အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေ ပျူစောထီးခေါင်းဆောင်ကို ရွာငံ PDF နှင့် မှော်ဘုရင် စစ်ကြောင်းတို့မှ ပူးပေါင်းပြီး အရေးယူရှင်းလင်းလိုက်တာဖြစ်ကြောင်း Ywangan PDF- (JPRF) က ထုတ်ပြ န်ထားသည်။ 
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ယာကြီးလမ်းမအနီးရှိ ဘန်ဘွေးရွာပျူစခန်းကို ကာကွယ်ရေး တပ်ဖွဲ့များက ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်တွင် လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းတိုးနယားတပ်ဖွဲ့ထံမှ သိရသည်။ 
  • စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် ရွာပေါင်းစုံသပိတ်စစ်ကြောင်းမှ တော်လှန် ပြည်သူများနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်ယာသပိတ် ယနေ့ (ဇန်နဝါရီ ၁၀) နံနက်က ပြုလုပ်ခဲ့ကြသည်။ 
  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 
  • ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 
  • ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီက ၁၀၂၂ ရက်မြောက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို တောင်ယာလုပ်ငန်းခွင်တွင် ပြုလုပ်ခဲ့ကြသည်။ 
  • မြန်မာအမျိုးသမီးများသည် စစ်အာဏာရှင်ဖြုတ်ချရန် ရည်ရွယ်သည့် သပိတ်များ၊ ဆန္ဒပြပွဲများနှင့် လှုပ်ရှားမှုမျိုးစုံတွင် တက်ကြွစွာ ဆက်လက်ပါဝင်လျက်ရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ ဇန်နဝါရီလ ၉ ရက်နေ့ထုတ် ၂၀၂၃ ခုနှစ်အတွက် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
  • မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ရန်ကုန် – မန္တလေးအမြန်လမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်အပါအဝင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား တစ်ရက်တည်း နေရာလေးခု၌ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်-(၄)တပ်ရင်း Natogyi People Defence Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ 
  •  

တိုင်းရင်းသား လက်နက်ကိုင်များ  

  • စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဖျက်သိမ်းရေး၊ စစ်အာဏာသိမ်းယူမှုများအား ဆန့်ကျင်ရေး အတွက် လက်နက်ကိုင်တိုက်ပွဲဝင်သည့် စစ်ရေးနည်းလမ်းတခုတည်းသာရှိတော့ကြောင်း ကရင် အမျိုး သားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ယနေ့ကျရောက်သော ကရင်နှစ်သစ် ကူးနေ့ နှုတ် ခွန်းဆက်စကားတွင် ထည့်သွင်းပြောဆိုလိုက်သည်။ 
  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် ထိုင်တော်မူဘုရားကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ပြီး မြို့တွင်းကိုထိန်းချုပ်ထားကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ 
  • ရှမ်းမြောက်ဒေသ မိုးမိတ်မြို့နယ်နှင့် သီပေါမြို့နယ်များတွင် ယခင်ရက်များကဲ့သို့ တအာင်း တပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ က သတင်းထုတ်ပြန်သည်။ 
  • စစ်၏အရှုံးကို နဖူးတွေ့ဒူးတွေ့ရင်ဆိုင်နေရသည့် စစ်ရှုံးကောင် စစ်ကောင်စီသည် အရပ်သားပြည်သူ များ၊ အဆောက်အအုံများနှင့် ရှေးဟောင်းသမိုင်းဝင်နေရာများကိုပါ အငြိုးအတေးကြီးစွာဖြင့် မိုက်ရူးရဲဆန်စွာ စစ်ရေးတုံ့ပြန်မှုများ လုပ်ဆောင်နေကြောင်း ညီနောင်မဟာ မိတ်ဖွဲ့ကသတင်း ထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • လက်နက်ကိုင်အဖွဲ့များသည် နယ်မြေလုလာသည့် အပြင် ဘာသာရေးကိုပါ စော်ကားလာသည့် အတွက် ပြန်လည်တွန်းလှန်သွားမည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီလ ၉ ရက်က ပြောသည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကြောင့် ကျေးရွာသား ၁ ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ 
  • သူ့ကျွန်လက်အောက် ကျရောက်ခဲ့စဉ် ကရင်တိုင်းရင်းသားများက နိုင်ငံလွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြသည်မှာ လေးစားဂုဏ်ယူ ဖွယ်ရာဖြစ်ကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ 
  • အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ H.E. Mr. Alounkeo Kittikhoun နှင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်ရှိ ကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ 

ဇန်နဝါရီ ၁၁ သုံးသပ်ချက် 

  • စစ်ရှုံးနေသည့် စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြို့များ စခန်းများရှိ အရပ်သားပြည်သူများနှင့် ရှေးဟောင်းသမိုင်းတွင် အထင်ကရ နေရာများကို လေကြောင်း လက်နက်ကြီးတို့နှင့် ဗုံးကျဲတိုက်ခိုက်ကာ ဖျက်ဆီးနေသည်။