ဟွန်ဒီနှိမ်နင်းရေး အလုပ်ဖြစ်ပါ့မလား

ဒေါ်လာငွေအကျပ်အတည်းနဲ့ ကြီးကြီးမားမား ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ မြန်မာရွှေ့ပြောင်းအလုပ် သမား တွေရဲ့ လစာငွေ ၂၅ ရာခိုင်နှုန်းကို သူတို့သတ်မှတ်ထားတဲ့ ငွေလွှဲလုပ်ငန်း တွေကသာ လွှဲပြောင်းဖို့ စတင် ဖိ အားပေးတဲ့အနေနဲ့ ဟွန်ဒီလို့ခေါ်တဲ့ ငွေလွှဲလုပ်ငန်း တရားမဝင်လုပ်ကိုင်နေသူ
အယောက်နှစ်ဆယ်ကို တရားစွဲ ထားတယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ဇန်နဝါရီ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဟွန်ဒီလုပ်ငန်း လုပ်ကိုင်နေသူတွေလို့ ကျော်စောသတင်းထွက်နေသူ ၉၉ ယောက်ကို စစ်ဆေးခဲ့ပြီးနောက် အယောက် (၂၀)ကို သက်ဆိုင်တဲ့ မြို့နယ်တရားရုံတွေမှာ အမှုဖွင့် အရေးယူထားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

politics
mizzimatv
newsfeature