မတ္တရာတွင် စစ်‌ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

ပုံအညွှန်း -သိမ်းဆည်းရမိသော စစ်ဝတ်စုံများနှင့်အသုံးဆောင် ပစ္စည်းတချို့

ပုံအညွှန်း -သိမ်းဆည်းရမိသော စစ်ဝတ်စုံများနှင့်အသုံးဆောင် ပစ္စည်းတချို့

008

(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးပြန်လာသည့် စစ်ကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးကပြောသည်။

အင်အား ၂၅ ဦး ခန့် ပါ ထိုကားကို ဖေဖော်ဝါရီ ၁ရက် မွန်းလွဲပိုင်း၌ မတ္တရာမြို့နယ် ကိုရင်တောင်ခြေအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“မိုင်းဆွဲခံရတော့ အကုန်ကားပေါ်ကဆင်းပြေးကြတယ်။ ကျွန်တော်တို့ သူတို့ပြေးတဲ့နောက် လိုက်ရှင်းသေးတယ်။ နယ်မြေအနေအထားကြောင့် ပြန်ခေါက်ခဲ့တယ်။ သူတို့ကျန်ခဲ့တဲ့ကားနဲ့ကားပေါ်ပါတဲ့ စစ်ဝတ်စုံတွေနဲ့ပစ္စည်းတချို့သိမ်းနိုင်ခဲ့တယ်”ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးကပြောသည်။

ထိုစစ်ကြောင်းသည် ဇန်နဝါရီလ ၃၁ရက်က မတ္တရာအနောက်ခြမ်းရှိ သမင်ခြံ၊ သူဌေးကုန်း၊ဆင်ကုန်း၊စိန်ပန်းကုန်းစသည့်ကျေးရွာများကို မီးရှို့ကာ ဒေသခံများကို သတ်ဖြတ်သွားသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် အင်အားဖြည့်တင်းပြီး ယနေ့ နံနက်ပိုင်းတွင် ဝေါစုကျေးရွာသို့ ရောက်ရှိနေခြင်းကြောင့် အနီးဝန်းကျင်ကျေးရွာများရှိပြည်သူတချို့ ဘေးလွတ် တိမ်းရှောင်နေကြကြောင်းသိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး