နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၅ ဖေဖော်ဝါရီ ၂၀၂၄ ) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျုဟာ လက်အောက်ခံ မိုင်းလွန်ပင်မစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 
  • ကချင်တိုင်းရင်းသားများ၊ ကချင်တိုင်းရင်းသား ခေါင်းဆောင်ကြီးများအားလုံးနှင့်အတူ ရဲဘော် ရဲဘက်များအားလုံး ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သ လျက် ပြည်သူလူထုတစ်ရပ်လုံး၏ တော်လှန်ရေးရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်ပါစေ ကြောင်း (၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ CRPH မှပေးပို့သည့် သဝဏ်လွှာထဲ တွင်ဖော်ပြထားသည်။ 
  • အကြမ်းဖက်စစ်ကောင်စီနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်နေသည့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း  ကို အပြီးတိုင်ဖျက်သိမ်းလိုက်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ၊ အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး ကို ဖေဖော်ဝါရီ ၄ ရက် ကျင်းပပြုလုပ်ခဲ့သည်။ 
  • တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် မန်တုံမြို့အခြေစိုက် ခလရ(၁၃၀) စစ်တပ်ကုန်း အား တအာင်းတပ်မတော်(TNLA) ခေါင်းဆောင်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုဝန်ကြီးတို့ အတူတကွ သွားရောက်ကြည့်ရှုခဲ့ဟု TNLAက ယနေ့ အသိပေးထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်းရှိ ပေလည်ရွာနှင့် သပြေသာလေး ရွာတို့မှ နေအိမ်များ ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ 
  • မြန်မာနိုင်ငံတွင် စစ်ကောင်စီကအာဏာသိမ်းပြီးနောက် ချင်းပြည်နယ်အတွင်းနှင့် ပြင်ပတွင် နေထိုင်သူ ချင်းလူမျိုး ၆၁၈ ဦး သေဆုံးခဲ့မှုအတွက် နိုင်ငံတကာအဖွဲ့အစည်းများသို့ အချက် လက်များ ပေးပို့ ကာ အကူအညီတောင်းခံထားကြောင်း ချင်းရေးရာအဖွဲ့ချုပ်(ICA)ထံမှ သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်သို့ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ကြောင်း မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။ 
  • မြန်မာနိုင်ငံ အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရာတွင် အီးယူအနေနှင့် ထောက်ခံကူညီပေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ဥရောပ သမဂ္ဂ(အီးယူ) ကို တောင်းဆိုခဲ့ကြောင်း သိရသည်။ 
  • မြန်မာ့အကျပ်အတည်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တံခါးပိတ်အစည်း အဝေးကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ပြုလုပ် ကျင်းပမည်ဖြစ်ကြောင်း ကုလသမဂ္ဂဘက်က တရားဝင် သတင်းထုတ်ပြန်ထားသည်။ 
  • တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က မြို့နယ်ကျောင်း သားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှဦးဆောင်ပြီး နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်း အမှတ်ပြု လုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 
  • ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ဂယ်လောင်းကျေးရွာတွင် နွေစပါးစိုက်ပျိုးရန်အတွက် လုပ်ဆောင် နေကြသော ‌ဒေသခံအမျိုးသမီးများ မြေမြှုပ်မိုင်းနင်းမိ၍ တလုံးပေါက်ကွဲသဖြင့် အမျိူးသမီး တဦးသေဆုံးပြီး ငါးဦးဒဏ်ရာပြင်းထန်ရရှိကြောင်း ဒေသခံများထံမှ သိရသည်။ 
  • ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင်  ဖေဖော် ဝါရီလ ၄ ရက်နေ့ ညပိုင်းအချိန်က စကြဝတေးမင်းကြီး သ ပိတ်ကော်မတီအဖွဲ့ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ကြသည်။ 
  • ကရင်နီပြည် ၊ဒီး​မော့ဆိုမြို့နယ် ရှိ စစ်​ဘေး​ရှောင်က​လေးငယ်များတက်​ရောက်ပညာသင်ကြား​နေသည့် စာသင်​ကျောင်းကို ယ​​နေ့နံနက် တွင်စစ်​ကောင်စီက တိုက်​လေယာဥ်နဲ့ ဗုံးနှစ်ကြိမ်ကြဲသဖြင့် စာသင်ကြား​နေ​သော က​လေးငယ် ၄ ဦး​သေဆုံးပြီး ၁၀ ဦး​ကျော် ဒဏ်ရာရရှိ​​ကြောင်း ကနဦးသတင်းရရှိသည်။ 
  • စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့မှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ် သေဆုံးထိခိုက်များပြားခဲ့ကြောင်း ခန္တီးခရိုင် တပ်ရင်း-၃(HPDF-124)က ယနေ့ ထုတ်ပြန်သည်။ 
  • အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျယ်လိဒ်တွင် ပြည်ပရောက်မြန်မာနိုင်ငံသား များ စုပေါင်း၍ နွေဦးတော်လှန်ရေး (၃) နှစ်ပြည့်အဖြစ် (၃)မိုင် လမ်းလျှောက်၍ ချီတက် ဆန္ဒပြပွဲကို ယမန်နေ့ (ဖေဖော်ဝါရီ ၄)က ပြုလုပ်ခဲ့သည်။ 
  • တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး – ထားဝယ် လမ်းပိုင်း ကလိန်အောင်မြို့နှင့် ကျောက်ရှပ် ကျေးရွာ အကြားရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၄၁၀ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း PNLAက  အသိပေးထုတ်ပြန်သည်။ 
  • ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျရောက်သည့် (၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ KIO/KIA ၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ ပြည့်မြောက်ပါစေကြောင်းနှင့် ကျချင်လူထုတရပ်လုံး လိုက်လားသည့် မျှော်လင့်ချက်များ ပြည့်ဝပါစေကြောင်း မြောက်ပိုင်း ညီနောင်သုံး ဖွဲ့မှ သဝဏ်လွှာ ပေးပို့ထားသည်။ 
  • ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ‌တောင်ပြို (လက်ယာ) စခန်းကို သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့၀င် ‌၆၀ ကျော် ဘဂ်လားဒေ့ရ်ှဘက် ထွက်ပြေးခဲ့သည်ဟု AA က သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို နိုင်ငံရေးအရ ဆွေးနွေးပြီး လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းနိုင်ရန်  ကြိုးပမ်းနေသည်ဟုဆိုပြီး အကြမ်းဖက်စစ်ကောင်စီ၏ မြန်မာသံအမတ် ဦးစိုးလင်းဟန်က အာဆီယံ-အီးယူအစည်းအဝေး၌ ပြောဆိုခဲ့သည်။ 
  • ဒုတိယအကြိမ် မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံအဆင့်မြင့် အရာရှိကြီးများ၏ တာဝန်ခံများအတွက် အာဆီယံစီမံချက်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား နေပြည်တော်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ သတင်းတွင် ဖော်ပြထားသည်။ 
  • အားကစားနှင့် လူငယ်ရေးရာဝန်ကြီး  ဦးမင်းသိန်းဇံသည်ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပသည့် ရှမ်းပြည်နယ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ယာယီတိုက်ပွဲရှောင် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားတက်‌ရောက်ခဲ့ကြောင်း သိရသည်။ 

ဖေဖော်ဝါရီ သုံးသပ်ချက် 

  • အကြမ်းဖက်စစ်တပ်သည် နိုင်ငံတကာနှင့်အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ စစ်ရာဇဝတ်မှု ကျူးလွန် နေသည်ကို ထောက်ပြပြောဆိုနေသည့်ကြားမှပင် စာသင်ကျောင်းကိုရည်ရွယ်ချက်ရှိရှိဖြင့်  ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။ယင်းသို့ စစ်ရာဇဝတ်ကျူးလွန်နေသည့် စစ်တပ်၏ အမိန့်ပေးစေခိုင်းသူများနှင့် ကိုယ်ထိလက်ရောက်ကျူးလွန်သည့် တိုက်လေယာဉ်မောင်းများကိုပါ နိုင်ငံတကာ ရာဇဝတ်ခုံးရုံးသို့ ပို့ဆောင်ကာ ထိထိရောက်ရောက် အရေးယူရမည်ဖြစ်သည်။