မြဝတီတိုက်ပွဲ အခြေအနေ ယနေ့ညနေ နောက်ဆုံးရ သတင်းပေးပို့ချက် (နောင်နောင်)

မြန်မာ- ထိုင်းနယ်စပ် မြဝတီမြို့မှာ ဒီနေ့ ညနေပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံ အကြိမ်ရေပေါင်းများစွာ ကြားနေရပြီး ညနေ ၅ နာရီထိ တိုက်ပွဲပြင်းထန်နေဆဲပါ။
စစ်ကောင်စီတပ်ဘက်ကလည်း ဂျက်တိုက်လေယာဉ်တွေနဲ့ မိနစ်ပိုင်းခြားတခါ လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်း အမှတ် (၂) တံတားအောက်ကို ရောက်နေတဲ့ မဇ္စျိမ ဝိုင်းတော်သား ကိုနောင်နောင်က သတင်းပေးပို့ထားပါတယ်။