အာဏာသိမ်းကာလ ၃ နှစ်အလွန် စစ်ခေါင်းဆောင် ခြေလှမ်းဘယ်လဲ (Editorial Talk)

မဇ္ဈိမ။ ။ စစ်အာဏာသိမ်း သုံးနှစ်အလွန်ကာလမှာ စစ်ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဘယ်လိုထွက်ပေါက်ရှာနိုင်လဲ၊ အာဏာတည်မြဲဖို့အတွက် ဘယ်သူတွေကို ဘယ်လိုထိုးကျွေးခဲ့လဲ စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး သတင်းခန်းစီမံခန့်ခွဲမှု အယ်တီတာ ဦးစိန်ဝင်း နဲ့ သတင်းထောက် ဂျူချန်း တို့က ဆွေးနွေးထားပါတယ်။