“ပြည်ပရောက်အလုပ်သမားတွေ စကစဆီကို အခွန်တွေမပေးဘဲဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်ရေး ဆက်ပြီးကြိုးစားမယ်”

မိုးသောက်

(မဇ္ဈိမ)။ ။ စစ်အာဏာသိမ်းသည့်နောက်တွင် ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေသည့် ရွှေ့ပြောင်းလုပ်သားတသန်းခန့်တိုးလာသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ခန့်မှန်းထားသည်။

ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေသည့် ရွှေ့ပြောင်းလုပ်သားများသည် နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီကို အခွန်မပေးခြင်းဖြင့်သော်လည်းကောင်း တော်လှန်ရေး၏ကဏ္ဍအသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့်ပါဝင်နေကြသည်၊ ထို့ကြောင့် စစ်ကောင်စီ၏ပစ်မှတ်ထားဖမ်းဆီးမှု၊ မိသားစုဝင်များကို ခြိမ်းခြောက်မှုနှင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးသည့် လုပ်ငန်းများတွင် အခက်အခက်များနှင့် တွေ့ကြုံနေရသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများတွင် စစ်ကောင်စီကို အခွန်ပေးဆောင်ခြင်းမရှိဘဲ တရားဝင်နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများကို အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီနှင့်တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။