မဲဆောက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အထောက်ထားမဲ့ မြန်မာလုပ်သား ၁၀ ဦး ဖမ်းခံရ

မဲဆောက်မြို့တွင် စစ်ဆေးနေသည့် ထိုင်းအာဏာပိုင်များနှင့် ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားများ ကိုရွှေမြိတ် (မဇ္ဈိမ)။ ။ထိုင်း-မြန်မာ နယ်စပ် ဖြစ်သည့် တာ့ခ်ခရိုင် မဲဆောက်မြို့ မယ်တောင်ကျေးရွာအုပ်စုရှိ အမှတ် (၃) ရပ်ကွက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုတွင် တရားမဝင်…

မလေးရှားရှိ တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ရန် လုပ်ဆောင်ရာတွင် အခက်ကြုံ

ဖေဖော်ဝါရီလကုန်ပိုင်းက မလေးရှားနိုင်ငံမြန်မာသံရုံးရှိ မြန်မာနိုင်ငံသားများကိုတွေ့ရစဉ်။ ကီရာ (မဇ္ဈိမ)။ ။ မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာသားများ နေရပ်ပြန်ရန် လုပ်ဆောင်ရာတွင် အခက်ကြုံနေရသည်ဟု မလေးရှာနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားအရေး လိုက်ပါကူညီနေသူများက ပြောသည်။ “လူတွေကို သက်သက်ဒုက္ခပေးနေတာ မူရင်းစာရွက်(သက်သေခံလက်မှတ်)ကို ထုတ်မပေးဘူး။…

လုပ်ငန်းခွင်မှ ထွက်ပြေးပါက လျှော်ကြေးပေးရမည်ဟူသော စာချုပ်ဖြင့် လုပ်သားပို့သည့် ကုမ္ပဏီများကို ပိတ်ပင်ရန် ဂျပန်အလုပ်သမားဝန်ကြီးဌာနထံ တင်ပြမည်

ပုံအညွှန်း – ဂျပန် ကိုဘေးလူဝင်မှု ကြီးကြပ် ရေးရုံးမှာ လူတွေ စောင့်နေကြပုံ (ဓာတ်ပုံ- Mizzima) ကီရာ (မဇ္ဈိမ)။ ။ အလုပ်သင် လုပ်သားများအား လုပ်ငန်းခွင်မှထွက်ပြေးပါက လျော်ကြေးပေးဆောင်ရန် စာချုပ် ချုပ်ခြင်းနှင့် အာမခံငွေယူထားသည့်…

“ပြည်ပရောက်အလုပ်သမားတွေ စကစဆီကို အခွန်တွေမပေးဘဲဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်ရေး ဆက်ပြီးကြိုးစားမယ်”

မိုးသောက် (မဇ္ဈိမ)။ ။ စစ်အာဏာသိမ်းသည့်နောက်တွင် ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေသည့် ရွှေ့ပြောင်းလုပ်သားတသန်းခန့်တိုးလာသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ခန့်မှန်းထားသည်။ ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေသည့် ရွှေ့ပြောင်းလုပ်သားများသည် နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီကို အခွန်မပေးခြင်းဖြင့်သော်လည်းကောင်း တော်လှန်ရေး၏ကဏ္ဍအသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့်ပါဝင်နေကြသည်၊ ထို့ကြောင့် စစ်ကောင်စီ၏ပစ်မှတ်ထားဖမ်းဆီးမှု၊…

မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ထိုင်းနိုင်ငံဆိုင်ရာအမေရိကန်သံရုံး မဲဆောက်သို့ လာရောက်ဆွေး နွေး

ကိုရွှေမြိတ် (မဇ္ဈိမ)။ ။ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှတာဝန်ရှိသူများ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက မြန်မာရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်ပြီး တာ့ခ်ရိုင်၊ မဲဆောက်မြို့တွင် လာရောက်တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ထံမှ သိရသည်။ အမေရိကန်သံရုံးမှ တာဝန်ရှိသူများသည်၊ မဲဆောက်မြို့ရှိ JACBA ၏ရုံးခန်း၌…

ဘုတ်ပြင်းတွင် တောဆင်ရိုင်းအနင်းခံရပြီး ၁ ဦး သေဆုံး၊ ၁ဦးဒဏ်ရာရ

ဘုတ်ပြင်းမှာ ရွှေ့ပြောင်း လုပ်သား နှစ်ဦး တောဆင်ရိုင်း နင်းခံရစဉ် ပရဟိတအဖွဲ့မှ သွားရောက်ကယ်ဆယ် ဆေးရုံသို့ပို့ဆောင်နေပုံ။ ကိုရွှေမြိတ်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ဘုတ်ပြင်းမြို့နယ်တွင် ရွှေ့ပြောင်းအလုပ်သမားအမျိုးသားနှစ်ဦး တောဆင်ရိုင်း အနင်းခံရပြီး တဦးသေဆုံးခဲ့ကြောင်း ဒေသ အခြေစိုက် ပရဟိတအသင်းများထံမှသိရသည်။ ဒီဇင်ဘာ ၂၂…

ရန်ကုန်ရှိ စက်မှုဇုန်တချို့ အလုပ်သမားများကို အလုပ်ချိန် စောဆင်းခိုင်းဟုဆို

(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာစက်မှုဇုန် ၊ရွှေပြည်သာစက်မှုဇုန်နှင့် မင်္ဂလာဒုံစက်မှုဇုန်တို့တွင် လုပ်ကိုင်နေသည့် စက်ရုံဝန်ထမ်းများကို အလုပ်ချိန်စောဆင်းခိုင်းခြင်းများ ရှိနေသည်ဟု သိရသည်။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် လူငယ်များကို ညပိုင်းတွင် ဖမ်းဆီးငွေတောင်းခြင်းနှင့် ပေါ်တာဆွဲခြင်းများ ရှိနေသည်ဟု သတင်းများပြန့်ပြီးနောက်ပိုင်း စက်မှုဇုန်အချို့တွင်…

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား ၃၂ ဦး လုပ်ခလစာမရသည့်အပြင် အလုပ်ရှင်က အဆောင်မှပါနှင်ထုတ်

ကိုရွှေမြိတ် (မဇ္ဈိမ)။ ။ထိုင်းနိုင်ငံ၊ မင်ဘူလီမြို့မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၃၂ ဦးမှာ လုပ်ခလစာမရသည့်အပြင် အလုပ်ရှင်က အလုပ်သမားတန်းလျား(အဆောင်)မှပါ နှင်ထုတ်သဖြင့် အခက်ကြုံနေရကြောင်း သတင်းရရှိသည်။ အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သားများသည် မင်ဘူလီမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်ဆင်း ထားသော်လည်း…

ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၀ ကျော် ၂ လစာ လုပ်အားခ မရဘဲ အလုပ်ထုတ်ခံရ

ထိုင်းနိုင်ငံတွင် လုပ်ခလစာမရဘဲ အလုပ်တန်းလျားမှ နှင်ထုတ်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ (ဓာတ်ပုံ-ပေးပို့) ကိုရွှေမြိတ် မဇ္ဈိမ။ ။ထိုင်းနိုင်ငံ၊ လယောင်း (Rayong) ခရိုင်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၀ ကျော်သည် လုပ်ခလစာ နှစ်လစာမရသည့်အပြင် အလုပ်ထုတ်ခံရသည်ဟု…

အမျိုးသမီး ၁၁ ဦးအပါအဝင် ထိုင်းရောက် မြန်မာ MoU အလုပ်သား ၁၇ ဦး လုပ်ခလစာမရဘဲ ခိုင်းစေ ခံနေရ

ကိုရွှေမြိတ် ၊မဇ္ဈိမ။ ။ထိုင်းနိုင်ငံ၊ လယောင်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ရောက်ရှိနေသည့် အမျိုးသမီး ၁၁ ဦးအပါအဝင် မြန်မာ MoU အလုပ်သမား ၁၇ ဦးသည် လုပ်ခလစာမရဘဲ ခိုင်းစေခံနေရကြောင်း သိရ သည်။ အမျိုးသားခြောက်ဦးနှင့် အမျိုးသမီး…