ခင်ဦးမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ စပါးတင်း ၂၀,၀၀၀ ကျော် မီးလောင်ပျက်စီး

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သာ၀တ္ထိကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက် ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာမှာ စပါးတွေသိုလှောင်ထားတဲ့ စပါးကျီတွေပါ မီးလောင်ကျွမ်းခဲ့လို့ စပါးတင်းပေါင်း ၂၀,၀၀၀ ကျော်လောက် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့က သာ၀တ္ထိကျေးရွာကို ရောက်ရှိလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စပါးကျီး တွေကို မီးရှို့ခဲ့တာဖြစ်လို့ ကာလတန်ဖိုး သိန်းသောင်းနဲ့ချီ ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ သာ၀တ္ထိကျေးရွာက ဒေသခံတဦးက မဇ္ဇျိမကိုပြောပါတယ်။

သတင်း – MTO
တည်းဖြတ် ၊ တင်ဆက် — MTO