ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် နိုင်ငံတွင်းမှာ စိုးရိမ်မှုတွေ မြင့်တက််နေ (ရုပ်သံ)

မိုးသောက်

နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အစိုးရလက်ထက်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ လက်သစ်စစ်ခေါင်းဆောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသက်သွင်းလိုက်ပါတယ်။

အမျိုးသားဆိုလျှင် အသက် ၁၈ နှစ်ကနေ အသက်၄၅နှစ်မပြည့်မီအထိ အမျိုးသမီးဆိုလျှင် အသက် ၁၈နှစ်ကနေ ၃၅ မပြည့်မီအထိ အနည်းဆုံး နှစ်နှစ်စစ်မှုထမ်းရမယ့် ဒီစစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံတွင်းမှာ စိုးရိမ်မှုတွေမြင့်တက်နေတာ ဖြစ်ပါတယ်။

တည်းဖြတ်/တင်ဆက်= မိုးသောက်