နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၂ ဖေဖော်ဝါရီ ၂၀၂၄) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် သည် ဂျာမဏီနိုင်ငံ မြူးနစ်မြို့တွင် ဖေဖော်ဝါရီလ ၁၆ – ၁၈ ရက်နေ့အထိ ကျင်းပခဲ့သည့် Munich Security Conference 2024 သို့ တက်ရောက်ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့ က “Rebel With a Cause: Voice of Civil Resistance” ခေါင်းစဥ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်း တို့၌ ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး ကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ ကြသည်။ 
  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (က.လ.လ.တ) တို့ တွေ့ဆုံဆွေးနွေးမှုကို ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီမှာ ဗီဒီယိုကွန်ဖရင့်ကတစ်ဆင့် ပြုလုပ်ခဲ့ကြသည်။ 
  • စစ်ကောင်စီက ထုတ်ပြန်လိုက်သည့် စစ်ကျွန်ပြုဥပ​ဒေကို ငြင်းပယ်ကြရန်နှင့် ယင်းဥပဒေကြောင့် အကျပ်အတည်း ကြုံလာပါက လွတ်​မြောက်နယ်​မြေ တစ်ခုခုကို ထွက်ခဲ့ရန်နှင့် ဖြစ်နိုင်သမျှ ​တော်လှန်​ရေးအတွက် အလုပ်အ​ကျွေး ပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတိုက်တွန်းသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • တနင်္သာရီတိုင်း၊မြိတ်မြို့တွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၁ရက်ညက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လိင်တူချစ်သူ(LGBT)တဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း မြိတ် LGBT အသိုင်းဝိုင်းထံမှ သိရသည်။ 
  • စစ်ကောင်စီ၏  ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်သည် အရပ်သားပြည်သူများ အတွက် ပိုမိုခြိမ်းခြောက်မှုဖြစ်လာသကဲ့သို့ ထိခိုက်ကျရှုံးမှုများများလာသည့် စစ်ကောင်သည် ပိုပြီးအန္တရာယ်ကြီးလာကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး (Tom Andrews) က ပြောကြား လိုက်သည်။ 
  • ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီနှင့်ဆက်နွယ်နေသည့် Xi Yan တရုတ်စား သောက်ဆိုင်ကို ယမန်နေ့ညတွင် မြို့ပြ‌ပြောက်ကျားတပ်ဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။ 
  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကြောင်သန်းကျေးရွာတွင် ရှင်ပြုနားသအလှူပွဲပြုလုပ်နေစဥ် စစ်ကောင်စီတပ် ဝင်ရောက်ပစ်ခတ်၍ အလှူပွဲ ပျက်ခဲ့ရကြောင်း သတင်းရရှိသည်။ 
  • စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနောက်ဘက် ရွှေဘိုဆိပ်ခွန်လမ်းဘေးမှာရှိ ရွှေဓားဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်နှင့် ရဲများက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ကျေးရွာ ၄ ရွာရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ 
  • စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အားကစားရုံတွင် အစည်းအဝေး ပြုလုပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်းမှ သိရသည်။ 
  • ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင် ကာ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။ 
  • ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဖားကန့်ပြည်သူများက အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ် နှင့် စစ်မှု့မထမ်းမနေရ ဥပဒေ ဆန့်ကျင်ကန့်ကွက်ပွဲပြုလုပ်ခဲ့ကြသည်။ 
  • မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရိက္ခာလာပို့သော စစ်ကြောင်း၊ ဒဏ်ရာရ စစ်သားများ ထားရှိရာ နေရာနှင့် စစ်တပ် စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ကမ်းနီရွာရှိ အမှတ် (၉) တိုင်းဗဟို ‌လေ့ကျင့်‌ရေး‌ကျောင်း၏ ကာကင်းစခန်း သုံးခုနှင့် အရေးပါသည့်နေရာတခုကို သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် တရားဝင်ထုတ်ပြန်သည်။ 
  • စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် တိမ်းရှောင်လာမည့် လူငယ်များကို ကူညီရန် အတွက် အစီအစဉ်ရှိကြောင်းနှင့် အရေးကြီးသည့် ကိစ္စဖြစ်ကြောင့် အသေးစိတ်ကို တခြားသော အစုအဖွဲ့နှင့် ဆွေး နွေးသွားရန် ရှိကြောင်း  မွန်ပြည်သစ်ပါတီ NMSP(AD) မှ ပြန်ကြားရေးအဖွဲ့ဝင် နိုင်ကောင်းစကားက ပြောသည်။ 
  • တရားမဝင်သည့် ဥပဒေများ အတင်းအဓမ္မ ထုတ်ပြန်ပြီးပြည်သူများဒုက္ခရောက်အောင် ၊ လူငယ် များအား စစ်ကျွန်၊စစ်နွံထဲ ဆွဲသွင်းလာသည့် အစီအစဉ်မှ ရုန်းထကြရမည်ဖြစ်ကြောင်း ကရင်အ မျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူး(၂)ပဒိုစောလှထွန်းက တိုက်တွန်းလိုက်ပြီး စစ်ကောင်စီကို ဆန့်ကျင် တွန်းလှန်တိုက်ပွဲဝင်ကြရန် ပြောကြားလိုက်သည်။ 
  • ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်က်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူများ ထပ်မံ သေဆုံးထိခိုက်မှု ထပ်မံ ဖြစ်ခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ 
  • ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ ရပ်ကွက်များအတွင်းရှိ နေရာ ၅ ခုကို အကြမ်းဖက်စစ်ကောင်စီ တပ်က မီးလောင်ဗုံးကျဲချ တိုက်ခိုက်ခဲ့ရာ နေအိမ်အချို့မီးလောင်ပြာကျခဲ့ကြောင်း KNDF သတင်း နှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။ 
  • ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သားနှင့် ပြည်သူ့ စစ် ၄ ဦးသေဆုံး ကာ ၆၀ မမ အမြောက် ၁ လက်အပါအဝင် လက်နက် ၅ လက်၊ ကားတစ်စီးနှင့် ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရှိရသည် 

စစ်ကောင်စီ 

  • နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေးအတွက် ရုရှား နိုင်ငံခြားရေး ဒုဝန်ကြီးနှင့်စစ်ကောင်စီ ဥက္ကဋ္ဌတို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချိရေးဖြစ်သည့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ 
  • အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသည့် ပြည်ပကုမ္ပဏီ၊ ပြည်ကုမ္ပဏီနှင့် အစုစပ်ကုမ္ပဏီများက မြန်မာနိုင်ငံအသေးစား ငွေရေးကြေးရေး လုပ်ငန်းများအသင်း၏ အသင်းဝင်ဦးရေ ၃ ဒသမ ၄၅ သန်းကို ငွေကြေးဝန်ဆောင်မှုပေးထားကြောင်း အသေးစားငွေရေး ကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။ 
  • သတင်းမီဒီယာကောင်စီအနေဖြင့် သတင်းမီဒီယာဥပဒေကို လက်ကိုင်ထားပြီး နိုင်ငံတော်၏ အခြေ အနေမှန် သတင်းဖော်ပြချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများသိရှိအောင် ဆောင်ရွက် ရမည်ဟုစစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) ကပြောသည်။ 
  • စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝ န်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။ 
  • စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အိန္ဒိယတပ်မတော်၊ အမှတ်(၃)တပ်မကြီးမှူး ဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi, UYSM, AVSM, YSM, SM ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။ 
  • မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးဘီလူးအဖွဲ့ကို စစ်ကောင်စီ၏ အထူးကွန်မန်ဒိုတပ်မတော်စစ်ကြောင်း က ဝင်ရောက် ရှင်းလင်းခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များကတဆင့် ပြီးခဲ့သည့်  ရက်ပိုင်းက သတင်းအမှားများ ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။ 

ဖေဖော်ဝါရီ ၂၂ သုံးသပ်ချက် 

  • အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံပိုင်မီဒီယာများနှင့်၎င်းတို့လက်အောက်တွင် ရှိပုဂ္ဂလိကမီဒီယာများကို အသုံးချ၍ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊စစ်ရာဇဝတ်မှုများအပါအဝင် တော်လှန်ရေးကို ပုံဖျက်သည့် သတင်းများ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ချိနေသည့် အဖွဲ့အစည်းဖြစ်သည်။