နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၈ ဇန်နဝါရီ၂၀၂၄ )

အမျိုးသားညီညွတ်ရေးအစိုးရ

· စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့စည်းရန် လုပ်ဆောင်နေမှုကို ပြင်းပြင်းထန်ထန်ပြတ်ပြတ်သားသား အရေးယူမည်ဟု PDF တောင်ပိုင်းစစ်ဒေသက ကြေညာလိုက်ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေခွဲကွပ်ကဲရေးရုံးက ထုတ်ပြန်သည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်း တို့တွင်ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး ကို ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီ၌ ပြုလုပ်ခဲ့ကြသည်။

· လက်ရှိကာလ အုပ်ချုပ်ရေးယန္တရားနှင့် လိုက်လျောညီထွေဖြစ်စေရန် စီမံခန့်ခွဲရေးနည်းလမ်းအသစ် တွေတီထွင်ကြံဆပြီး ချမှတ်အကောင် အထည်ဖော်ရတော့မည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ ရဲစခန်းအား ၄၀ မမများဖြင့် သွားရောက် တိုက်ခိုက် ခဲ့ရာ ရဲနှစ်ဦးသေဆုံးကြောင်း God Of Death (GOD မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့)က သတင်း ထုတ်ပြန်ထားသည်။

· ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ လင့်စင်ရွာသစ်ကို အာဏာသိမ်းစစ်ကောင်စီ တပ်က လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ကလေးငယ် နှစ်ဦး အပါအဝင် ခြောက်ဦး သေဆုံးပြီး၊ ခြောက်ဦး ဒဏ်ရာရရှိသွားသည်ဟု ကျောက်တော်မြို့နယ် ဒေသခံ တဦးက မဇ္ဈိမကိုပြောသည်။

· မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် ဇန်နဝါရီလ ၁၆ ရက်နေ့ညက ကြံ့ဖွံ့ပါတီဝင်သုံးဦး သေနတ် ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

· မကွေးတိုင်း၊ ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်စွဲရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စစ်မှုထမ်းဟောင်းရုံးများအား သွားရောက်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

· ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် တော်လှန်စစ်ဆင်နွှဲနေသည့် ဒေသများမှ စာနာမှုအကူအညီလို အပ်သူ များအား ထောက်ပံ့ပေးမည့် နွေဦးအိမ်ပြန်လမ်း၏ ရန်ပုံငွေရှာဖွေရေးကမ်ပိန်းကို ယနေ့(ဇန်နဝါရီ ၁၈) စတင်လိုက်သည်။

· စစ်ကိုင်းတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီ၏ ခလရ(၂၅၈)သည် မြိုင်မြို့နယ်လင်းကတော ရဲစခန်း သို့ ရိက္ခာသွားပို့စဥ် ပြည်သူများအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားစဉ် တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စျေးဝယ်ပြန်လာသည့်ဆိုက် တွဲယာဥ်အား စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ အမျိုးသမီးနှစ်ဦး ကျည်ထိမှန်ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

· ယင်းမာပင်မြို့နယ် မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· ဖားကန့်မြို့တွင် ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့၌ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး လူထုသပိတ်နှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆင်နွှဲနေသော မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးများကို ထောက်ခံကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

· မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး နိုင်ငံရေးအရ ငြိမ်းချမ်းစွာအဖြေရှာနိုင်ရန် စေ့စပ်ညှိနှိုင်းဖို့လိုကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ပြောဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ချင်းပြည်နယ်၊ ပလက်ဝဒေသအခြေစိုက် အကြမ်းဖက် စစ်ကောင်စီ တပ် ၏ ရှေ့တန်းတပ်မဌာန ချုပ်ဖြစ်သော ခလရ ၂၈၉ ၊ စကခ ၁၉ တို့ကို ရက္ခိုင့် တပ် တော် AAက အပြီးသတ်သိမ်းပိုက်ပြီး နောက် သိမ်းဆည်းရရှိခဲ့သော လက် နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို AA က ယနေ့ ထုတ်ပြ လိုက်သည်။

· ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်အတွင်း PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး တားအိုမ်တမာဝ်းနှင့် အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးကြီး တားဂူဇားတို့က သွားရောက် ကြည့်ရှု့ စစ်ဆေးမှု များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

· ရှမ်ပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ကချင်ဒေသပြည်သူ့ကာ ကွယ်ရေးတပ် K-PDF (မိုးမိတ်) ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ရာ ယနေ့ဇန်နဝါရီ ၁၈ ရက်နေ့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံထံမှ သိရသည်။

· ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအား ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

· စစ်ကောင်စီဘက်မှ အရပ်သား၊ ရပ်ရွာများအား လေ ကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်မှုများဆက်၍ရှိနေဆဲဖြစ်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ က သတင်းထုတ်ပြန်သည်။

· ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ နှင့် ၁၀၅ မိုင်အနီးရှိ စစ်ဘေးရှောင် ပြည် သူ များကို AA က စားနပ်ရိက္ခာများ လှူဒါန်းကြောင်း AA က သတင်း ထုတ်ပြန် သည်။

စစ်ကောင်စီ

· စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် တပ်ချုပ်ရာထူးမှ အနားယူပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းကို တပ်ချုပ်ရာထူး လွှဲပေးရန် မဘသ၊ အမျိုးသားရေး အစွန်းရောက် ပေါက်ကိုယ်တော်က ပြောဆိုခဲ့သည်။

· ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော တိုက်ပွဲများမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၂၇၈ ယောက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းသို့ ဝင် ရောက်လာကြောင်း All India Radio News က ဇန်နဝါရီလ ၁၇ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

· မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်း Classic မော်တော်ယာဉ်များအား တန်ဖိုးထားထိန်းသိမ်းနိုင်ရေး၊ သမိုင်းဝင်ယာဉ်များအဖြစ် တရားဝင် မှတ်တမ်းတင်ခွင့်ပြုနိုင်ရေးအတွက် ယခင်က မှတ်ပုံတင်ထား ရှိပြီး သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်း မရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီး ဖြစ် သည့် 1980 Model နှင့် ၎င်းမတိုင်မီယာဉ်များအား ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ် သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည် မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဟု စစ်ကောင်စီ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

· အထွက်နှုန်းကျဆင်းနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့နယ်မြေများတွင် တိုးမြှင့်ထုတ် လုပ်နိုင်ရေး အတွက် AI နည်း ပညာအသုံးပြုနိုင်ရန် ဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ

အစ္စကန်ဒါ အဇီဇော့ဗ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနကနေ သိရ သည်။

· စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းတို့နှင့်အတူ ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ဟုမ္မလင်းခရိုင်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၈ သုံးသပ်ချက်

· အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်ပွဲများ ဆက်တိုက်ရှုံးကာ မြို့များစခန်းများ အများအပြားခံလာရချိန်တွင် စစ်တပ်ထောက်ခံသူများက ရာထူးကနေ ဆင်းပေးရန် တောင်းဆိုလာပြီး ဒုခေါင်းဆောင်စိုးဝင်းကို ကာကွယ်ရေးဦးစီးချုပ်ရာထူးပေးရန်အထိတောင်းဆိုလာသည်ကို ကြည့်ခြင်း အားဖြင့် မင်းအောင်လှိုင်သည် အရည်အချင်းမရှိကြောင်း စစ်တပ်ထောက်ခံသူများပင် သိလာသည်ဟု ဆိုရမည်ဖြစ်သည်။